Chapter (738)"ဥလေးလား"

184 20 0
                                    

Chapter (738) (စာစဉ် ၅၃- အပိုင်း၈)

“ဥလေးလား”

ရဲရှောင် အံ့ဩသွားမိသည်။

(သေစမ်း . . . တကယ်ပဲ ကြောင်တစ်ကောင် ဖြစ်နေတာကိုး . . .)

(အဲဒါများ ဘာလို့ အရမ်းခမ်းနားကြီးကျယ်ချင်ယောင် ဆောင်နေရတာလဲ . . .)

ရဲရှောင်မှာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားပင် ဖြစ်နေရသည်။

စိတ်ဓာတ်များမှာလည်း အောက်ဆုံးအထိ ထိုးကျသွားသလိုပင် ဖြစ်သွားခဲ့ရသည်။

ဥခွံ အစိတ်အပိုင်း ရှစ်ခု၏ အလယ်တွင် စွတ်စွတ်ဖြူနေသော သက်ရှိလေးတစ်ကောင် လဲလျောင်း နေရာမှ ထလာခဲ့သည်။

ထိုသို့ ထလာဟန်မှာလည်း ကမ္ဘာပေါ်တွင် အခမ်းနားဆုံး၊ နန်းအဆန်ဆုံး သက်ရှိတစ်ကောင်အဖြစ် နိုးထလာသည့် ပုံစံမျိုးပါပင်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များကို ခါယမ်းလိုက်သောအခါ အမွှေးများတွင် ကပ်နေသော ရေစက်များသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ထို့နောက် ကြောင်လေးမှာ ဖြည်ညှင်းစွာဖြင့် လျှောက်သွားပြီး ဥခွံ အစိတ်အပိုင်း ရှစ်ခုအနက် တစ်ခုကို ကိုက်လိုက်ကာ ဝါးလိုက်ပြီး မြိုချလိုက်၏။

ဥခွံများကို စားပြီးနောက် ပို၍ အင်အားပြည့်လာဟန်ပါပင်။ ထို့သို့ဖြင့် ကျန်သော ဥခွံများကိုလည်း စိတ်အေးလက်အေးဖြင့် စားနေပြန်သည်။

“ပလပ် . . . ပလပ် . . . ပလပ် . . .”

ဥခွံအစိတ်အပိုင်းများကို တစ်ခုပြီးတစ်ခု စားနေခြင်း ဖြစ်သည်။

တကယ်တမ်းတွင် ကြောင်လေးမှာ လက်သီးဆုပ်ခန့် အရွယ်သာ ရှိသော်လည်း ဥခွံမှာမူ ဖရဲသီးတစ်လုံးလောက်ကို ကြီးမားနေခြင်း ဖြစ်၏။

ဥခွံအစိတ်အပိုင်း ရှစ်ခု၏ အစိတ်အပိုင်း တစ်ခုချင်းစီကပင် ကြောင်လေးထက် ပို၍ ကြီးနေပါသေးသည်။

သို့သော် ကြောင်လေးမှာ ဥခွံ အစိတ်အပိုင်း ရှစ်ခုလုံးကို မြိုချစားသောက်ပစ်လိုက်သည်။

ထိုမြင်ကွင်းမှာ ကြွက်တစ်ကောင်မှ နွားတစ်ကောင်အား ဝါးစားနေသည်နှင့်ပင် တူနေပါသေးသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now