Chapter (725)"ကြင်နာသနားတတ်သော အမျိုးကောင်းသားလေး"

168 18 0
                                    

Chapter (725) (စာစဉ် ၅၂ - အပိုင်း၁၁)

“ကြင်နာသနားတတ်သော အမျိုးကောင်းသားလေး”

စစ်သူကြီးမန်မှ ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်ရင်း -

“စစ်သူကြီးရဲကတော့ မင်းသမီးအတွက်နဲ့ အရာအားလုံးကို လက်လွှတ်လိုက်ပြီ။ ချန်နိုင်ငံတော် က ဘုရင်က သူ့ကို ဒေါသထွက်ပြီး ခုတ်ပိုင်းပစ်မှာကို မကြောက်ဘူးလား မသိဘူး . . ."

"ဒါလည်း မဖြစ်နိုင်ပါဘူး။ သူသေချာပေါက်ကို သိနေမှာပါ။ သူလိုလူမျိုးက မသိဘဲ ဘယ်နေပါ့မလဲ။ ဒါပေမယ့် ဒီလိုမျိုး သိတာတောင်မှ မင်းသမီးအတွက်နဲ့ ဒါမျိုး လုပ်ခဲ့တယ် . . .”

“မင်းသမီး . . . သူ့ရဲ့ အချစ်တွေက မင်းသမီးအပေါ်မှာ . . .”

စစ်သူကြီးမန်သည် သက်ပြင်းတချချဖြင့် ပြောနေချိန်တွင် သူ့ထံသို့ သတ်ဖြတ်လိုသော ချီဓာတ်များ ဖုံးလွှမ်းလာသည်ကို ခံစားမိလိုက်သည်။

ခေါင်းမော့ကြည့်လိုက်သောအခါ ဝရမ်ချူးချူးမှ သူ့အား အေးစက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုအကြည့်များကြောင့် စစ်သူကြီးမန်မှာ အံ့ဩသွားကာ စိတ်ထဲတွင် ကတုန်ကယင်ပင် ဖြစ်သွားမိသည်။

“ပါးစပ်ပိတ်ထားလိုက်စမ်း . . .”

ဝရမ်ချူးချူး အံကိုတင်းတင်းကြိတ်၍ ပြောလိုက်၏။

သူမ၏ လှပသော မျက်ဝန်းများထဲတွင် အေးစက်မာကြောသော အရိပ်အယောင်များ ပေါ်လွင်နေ လျက်ရှိသည်။

စစ်သူကြီးမန်မှာ အလွန် ကြောက်ရွံ့သွားမိပြီး ချက်ချင်းပင် တုန်ယင်သော အသံဖြင့် -

“တကယ်တော့ မင်းသမီး စိုးရိမ်ဖို့ မလိုပါဘူး။ စစ်သူကြီးရဲက သူ့အတွက် အောင်မြင်မှု ယူပေးခဲ့တာဆိုတော့ သူ့ကိုတော့ ဘုရင်က မသတ်လောက်ပါဘူး။ သတ်လိုက်ရင် သူ့အတွက် အင်အား ယုတ်လျော့သွားမှာပဲလေ . . .”

ဝရမ်ချူးချူးမှာ ရဲရှောင်၏ လုံခြုံမှုအတွက် စိုးရိမ်နေမိသောကြောင့် ဒေါသထွက်နေရခြင်း ဖြစ်မည်ဟု စစ်သူကြီးမန် ထင်မိသွားသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now