Chapter (773)"တောင်ပုံရာပုံ"

167 15 0
                                    

Chapter (773)(စာစဉ် ၅၆- အပိုင်း၁)

“တောင်ပုံရာပုံ”

မြွေအရေခွံများအား ခွာရန် အားဟူ စိတ်ကူးလိုက်မိသည်။

သို့သော် အတွေးမှာ ထင်သလောက် မလွယ်။

(ငါမလုပ်နိုင်လောက်ဘူး . . .)

(မလုပ်နိုင်လည်း ဘာဖြစ်လဲ။ ငါ့မှာ သခင် ရှိနေမှတော့ ငါမလုပ်နိုင်လည်း သခင်က လုပ်ပေးမှာပဲ . . .)

(သူက ငါ့အတွက် သန့်ရှင်းရေး လုပ်ပေးနိုင်တယ်။ အစာလည်း ပြင်ပေးနိုင်တယ်။ မြွေတွေကိုလည်း ချက်ပြုတ် ပေးနိုင်ပြီး တခြားအရာတွေကိုလည်း လုပ်ပေးနိုင်တယ်။ ငါက စားတာ တစ်ခုပဲ လုပ်ရုံပဲ . . .)

(ဒီလို သခင်မျိုး ရှိနေတာ ကောင်းလိုက်တာ . . .)

(သူ့အတွက် ငါပေးစရာရှိတာ ပေးပြီးပြီပဲ။ သူလိုချင် တာက အမြုတေတဲ့ အဟမ့် တော်တော် ရူးတာပဲ . . .)

(အတွင်းအဆီအနှစ်က အမြုတေထက် ပိုကောင်း တယ် ဆိုတာကို မသိသေးဘူးပဲ။ အမြုတေကို ငါတော့ မကြိုက်ပါဘူး။ တကယ်ကို အသုံးမဝင်တဲ့အရာ . . .)

မြွေများ မရှိတော့သည့်အတွက် တိုက်ပွဲလည်း ပြီးဆုံး သွားခဲ့ပြီ။

အဆုံးသတ်မှာ အံ့ဩဖွယ် အပြည့်ဖြင့် အဆုံးသတ်သွား ခြင်းပင်။

မည်မျှအထိ ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရသည် ဆိုသည် ကို ရှင်းပြရန်ပင် ခက်လှ၏။

“ဘယ်လိုဖြစ်တာလဲ . . .”

“ဘာလို့ မြွေတွေ ထွက်သွားရတာလဲ . . .”

“ငါတို့က ရှုံးနေတာ မြွေတွေဘက်က နောက်ထပ် နည်းနည်းလောက် တိုက်ခိုက်လိုက်ရင်ကို ငါတို့ အားလုံး သေကြရမှာ။ အခုကျ ဘာလို့ ထွက်ပြေးသွားကြတာလဲ”

“ထူးဆန်းလိုက်တာ အဓိပ္ပာယ်တော့ မရှိဘူး . . .”

လေထဲတွင် သွေးညှီနံ့နှင့်အတူ အဆိပ်ငွေ့များလည်း ရှိနေတုန်းပါပင်။

သို့သော် မြွေများ မရှိတော့သဖြင့် အဆိပ်ငွေ့ ပါဝင်မှု လျော့ကျသွားပြီး လူများကို ထိခိုက်နိုင်ခြင်း မရှိတော့ပေ။

လက်ရှိတွင် လုံခြုံသွားပြီ ဖြစ်သော်လည်း အဖြစ်အ ပျက်များမှာ လိုက်မမီနိုင်အောင် ဖြစ်ခဲ့ရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now