829--830

200 15 0
                                    

Chapter (829)(စာစဉ် ၆၀- အပိုင်း၁)

“စိတ်သက်သာရာ ရသွားသော အားဟူ”

“ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်လေးက ကမ္ဘာ ပေါ်မှာ လေးငါးဆယ်နှစ်ပဲ နေရရှာမှာ။ သနားစရာပဲ . . .”

“ငါနှင်းလေ ဆေးလုံးလိုမျိုး ဆေးကောင်းလေး ဘာလေး ရရင် ဒီကြောင်လေးကို ကျွေးဦးမှပဲ  . . .”

“ဘယ်လိုများ ထူးခြားသွားမလဲ မသိဘူး . . .”

ယွဲ့ချန်းရှန်က ကြောင်လေးကို အတော် သဘောကျနေ မိသည်။

ထို့ကြောင့် ဆေးလုံး တိုက်ကျွေးရန်အထိ ပြောနေမိ ခြင်းပင် ဖြစ်တော့သည်။
. . .

နောက်တစ်နေ့ နံနက်တွင် ဖြစ်သည်။

ဂိုဏ်းချုပ်ယွဲ့က သူခိုးကို ဖမ်းရန် ချုံပုတ်ထဲ ပုန်းနေ သည်။

ပတ်ဝန်းကျင် တစ်ခုလုံးကိုလည်း သူ၏ စိတ်ဝိညာဉ် စွမ်းအားများ ဖြန့်ကျက်ထားကာ အရာအားလုံးကို ကြည့်ရှု နေလျက် ရှိသည်။

ထိုအချိန် အားဟူက ယွဲ့ချန်းရှန် ရှိရာသို့ လျှောက်လာသည်။

ယွဲ့ချန်းရှန်က -

“နေဦး အဲဒီကို မသွားနဲ့ . . .”

“မင်းကို သူခိုးက အာရုံစိုက်မိနေလိမ့်မယ် . . .”

ယွဲ့ချန်းရှန်လည်း အားဟူကို လက်ဖြင့်ခါ၍ တစ်ဖက် သို့ မောင်းလိုက်သည်။

အားဟူကလည်း နဂိုကတည်းက သွားချင်နေသဖြင့် ချက်ချင်းပင် လှည့်ထွက်လာခဲ့သည်။

ထို့နောက် ချုံပုတ်အတွင်းမှ နောက်ထပ် ရေကန်တစ်ခု သို့ သွားလိုက်သည်။

ယွဲ့ချန်းရှန်နှင့် အဝေးဆုံးဖြစ်သော ရေကန်သို့ သွား လိုက်ခြင်း ဖြစ်သည်။

ထို့နောက် အားဟူက ရေကန်ထဲသို့ လက်တစ်ချောင်း ချ၍ ဖြည်းဖြည်းချင်း ဝေ့ယမ်းလိုက်သည်။

ဝဲကတော့ပုံစံ တစ်ခုဖြစ်အောင် ပြုလုပ်လိုက်ခြင်း ဖြစ် သည်။

ထိုဝဲကတော့က ရေမျက်နှာပြင်ပေါ်တွင် မြင်သာရုံ လောက်သာ ဖြစ်သွားသည်။

ရေအောက်တွင် လှုပ်ရှားနေသော ငါးများကိုမူ သက်ရောက်မှု မရှိပါ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now