Chapter (753)"အံ့ဩဖွယ်ကောင်းသောအားဟူ"

180 19 0
                                    

Chapter (753) (စာစဉ် ၅၄-အပိုင်း၉)

“အံ့ဩဖွယ်ကောင်းသောအားဟူ”

အဘိုးကြီးကဲ့သို့ တူညီဝတ်စုံ ဝတ်ဆင်ထားကြသော လူအချို့မှာ စိတ်ပျက်လက်ပျက်ဖြင့်ပင် အဘိုးကြီးထံသို့ လျှောက်လာကြ၏။

ရေခဲလနန်းတော်သည် သားရဲများကို လေ့ ကျင့် ပေးသည့်နေရာတွင် အထူးကျွမ်းကျင်လှသောကြောင့် နာမည်ကျော်ကြားလှသော ဂိုဏ်းတစ်ခုလည်း ဖြစ်၏။

ယခု ရှိနေကြသည့် လူအများစုမှာလည်း အဆိုပါ ဂိုဏ်းမှ ဖြစ်ကြ သည်။

သက်တန့်ဂိတ်တံခါး ပေါ်လာပြီးနောက် အသက်ဆုံး ရှုံးကြရမည် ဖြစ်သဖြင့် အားလုံး အတူတကွ စုစည်းလျက် ဖြစ်ပေါ်လာမည့် တိုက်ပွဲအား အသေအကြေ တိုက်ဖျက်ရန် အတွက် အသင့် ပြင်နေလျက် ရှိကြ၏။

အသက်ဆုံးရှုံးရမည်ကို သိထားကြသည့်တိုင် နောက် ဆုံးအခြေအနေ ရောက်သည်အထိ တိုက်ခိုက်နေကြဦး ပေမည်။

အဘိုးကြီးမှ ကျယ်လောင်သော အသံဖြင့် အော်ပြော လိုက်၏။

“အားလုံး လာခဲ့ကြ . . .”

“ငါတို့ရဲ့ စွမ်းအားတွေကို စုစည်းပြီး ငါ့အမိန့်ကို နာခံကြ။ ဒါနောက်ဆုံး တိုက်ပွဲပဲ။ နောက်ပြီးတော့ ဒီကမ္ဘာ မှာ ငါတို့ နောက်ဆုံး ချန်ထားခဲ့နိုင်တဲ့ အရာပဲ။ မင်းတို့ အကောင်းဆုံး လုပ်ကြပါ . . .”

“ငါတို့အခု ငါးကို မဖမ်းတော့ဘူး။ နောက်ဆုံး စက္ကန့် မတိုင်ခင်မှာ ငါးကို ရအောင် သတ်ကြမယ်။ အဲဒီအချိန်မှာ ငါးက အားအနည်းဆုံး အချိန်ဆိုတော့ ငါတို့ထဲက တစ်‌ ယောက်ယောက် အောင်အောင်မြင်မြင်နဲ့ ထိသွားနိုင်တယ် ဆိုတာနဲ့ ဒီကောင်လည်း သေသွားလိမ့်မယ်။ ငါတို့ဘက်က တိကျဖို့ပဲ လိုတာ . . .”

ထိုသို့ ပြောနေစဉ် သူပြောသည့် စကားများမှာ မဖြစ် နိုင်သည့် စကားလုံးများ ဖြစ်သည်ကိုလည်း သူကိုယ်တိုင် သိနေခဲ့သည်။

အဘိုးကြီး၏ အနားတွင် ရှိနေသော လူတိုင်းမှာ မျှော် လင့်ချက်ကင်းမဲ့သော မျက်နှာများဖြင့် စိတ်ဓာတ်ကျနေ လျက်ရှိကြ၏။

သို့သော် အဘိုးကြီး ပြောသည့် စကားများကို ကြား လိုက်ရသောအခါ မျှော်လင့်ချက်များ ပြန်လည် ယှက်သမ်း လာကြပြီး တက်တက်ကြွကြွဖြင့်ပင် သံပြိုင် ဖြေလိုက်ကြ ၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now