Chapter (826)"ငါးတွေ ဘယ်ရောက်သွားသလဲ"

187 17 0
                                    

🔥Ongoingမီသွားပါပြီ

Chapter (826)(စာစဉ် ၅၉- အပိုင်း၁၂)

“ငါးတွေ ဘယ်ရောက်သွားသလဲ”

ရေခဲလနန်းတော်က သားရဲများကို ထိန်းကျောင်းရာ တွင် နာမည်ကျော်သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။

ဂိုဏ်းသားတိုင်းလိုလို၌ ကိုယ်ပိုင်သားရဲများ ရှိကြ သည်။

အချို့ဆိုလျှင် တစ်ကောင်ထက် ပို၍ ရှိကြသည်။

ထို့ကြောင့် ရေခဲလနန်းတော် အတွင်း၌ တိရစ္ဆာန်မျိုးစုံ ရှိနေပါတော့သည်။

ကောင်းကင်တွင်ဖြစ်စေ မြေပေါ်တွင်ဖြစ်စေ ရေထဲတွင် ဖြစ်စေ မတူကွဲပြားသော တိရစ္ဆာန်မျိုးစုံကို တွေ့နိုင်သည်။

ဂိုဏ်းချုပ်ဖြစ်သူ ယွဲ့ချန်းရှန်ကတော့ ငါးများကို အလွန် သဘောကျသူတစ်ဦး ဖြစ်သည်။

သူမွေးထားသော ငါးများက ရှားပါးမျိုးစိတ်များ ဖြစ်ပြီး စိတ်ဝိညာဉ် စွမ်းအားများပါသော ငါးများလည်း ဖြစ်ကြ သည်။

ငွေအကြေးခွံငါးကို စားသုံးခြင်းဖြင့် ဆံပင်များကို ပြန် လည် နက်မှောင်လာစေသလို ရောင်စုံငါးကို စားခြင်းဖြင့် ကျင့်ကြံမှုကို ပိုတိုးတက်စေနိုင်ပါသည်။

ထို့ပြင် အရိုးမဲ့ငါးများလည်း ရှိပါသေးသည်။

ထိုငါး၏ အရသာက အလွန်ထူးကဲလှသည်။
ယွဲ့ချန်းရှန်က သူ၏ ငါးများကို အထူးပြုလုပ်ထားသော ကန်ငယ်အချို့နှင့် တယုတယ မွေးမြူထားသည်။

ထိုကန်ထဲရှိ ရေများက နယ်နယ်ရရတော့ မဟုတ်ပါ။

ရေခဲလတောင်ထိပ်မှ ရေကို ယူ၍ ရေကန်အတွင်းသို့ ရေများ ဖြည့်ကာ ငါးများကို မွေးထားခြင်း ဖြစ်သည်။

သူ့ငါးများ မွေးထားသော နေရာကိုလည်း ကန့်သတ် ထားသည်။

ဂိုဏ်းချုပ်ယွဲ့က ငါးများ ရေထဲတွင် ကူးခပ်နေသည်ကို ကြည့်ရသည်အား သဘောကျ နှစ်ခြိုက်သူတစ်ဦး ဖြစ် သည်။

သူဝမ်းနည်းသည့်အခါ၊ ပျော်ရွှင်သည့်အခါ၊ စိုးရိမ်ပူပန် နေသည့်အခါမျိုးတွင် သူ့စိတ်ကို ထိန်းနိုင်ရန်အတွက် အကောင်းဆုံးသော စိတ်ဖြေနည်း တစ်ခုလည်း ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now