Chapter (745)"ရဲနန်ရှန်၏ ပူပန်မှု"

184 13 0
                                    

Chapter (745)(စာစဉ် ၅၄-အပိုင်း၁)

“ရဲနန်ရှန်၏ ပူပန်မှု”

ရဲနန်ရှန်၏ မျက်လုံးများ ပြူးကျယ်သွားကာ အံ့ဩတကြီးဖြင့်ပင် မတ်ထပ်ထရပ်မိလိုက်သည်။

“နောက်ဆုံးတစ်ခေါက် ငါပြန်လာတုန်းက သူ့ရဲ့ကျင့်ကြံမှု အခြေအနေကို ငါစစ်ဆေးခဲ့ပါတယ် . . .”

“ဒီလောက်ထိ သူက ဘာလို့ အများကြီး တိုးတက်သွားရတာလဲ . . .”

“အစ်ကိုကြီး မယုံရင်လည်း မသိတော့ဘူး . . .”

“သူက အခုဆိုရင် အရမ်းကို အစွမ်းထက်နေပြီ ကျုပ် တကယ် မလိမ်ပါဘူး . . .”

ဆောင်ဂျုမှ ပြောလိုက်၏။

ထိုအခြေအနေကို ရဲနန်ရှန်မှာ ပျော်ရွှင်ရမည့်အစား မျက်နှာမှာ ခပ်တည်တည်ပင် ဖြစ်သွား၏။

တစ်စုံတစ်ခုကို စိုးရိမ်နေသည့်ဟန်မျိုးဖြင့် ရွက်ဖျင်တဲအတွင်း ရှေ့တုန့်နောက်ပြန် လျှောက်နေလျက်ရှိသည်။

“သူ . . . သူ . . . သူ မသိသေးဘူး မဟုတ်လား . . .”

ရဲနန်ရှန်မှ စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

“မသိသေးပါဘူး . . .”

“ကျုပ်က ဘယ်လောက်ပဲ တုံးအ တုံးအ သူ့ကိုတော့ မပြောပါဘူး . . .”

“အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူဘာမှ မသိပါဘူး . . .”

ဆောင်ဂျုမှ ပြန်ဖြေလိုက်၏။

ရဲနန်ရှန်လည်း သက်ပြင်းရှည်ကြီးသာ ချလိုက်တော့သည်။

“ကောင်းတယ် . . . သူက ငါတို့နဲ့အတူတူ ဆုံချင်မှ ဆုံနိုင်ဦးမယ်။ သူ့ကို လွတ်ပေးထားလိုက်ပါ။ ကျင့်ကြံမှုနယ်ပယ်မှာပဲ သူအာရုံစိုက်နေပါစေ။ သူ့ကံကြမ္မာသူ ရှာဖွေမှာပေါ့။ ငါတို့ကတော့ စောင့်ကြည့် နေရုံပဲ တတ်နိုင်မယ်။ သူ့ကို သာယာအေးချမ်းတဲ့ ဘဝလေးပဲ ဖြစ်စေချင်တယ်။ ဒါပေမယ့်ကွာ . . .”

ရဲနန်ရှန် ပြောရင်းဖြင့် သက်ပြင်းရှည်ကြီး ထပ်ချလိုက်ပြန်သည်။

ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ တစ်စုံတစ်ခု ခံစားမိလိုက်၍ တစ်ဖက်သို့ အလျင်အမြန် လှမ်းကြည့်ရင်း မေးလိုက်၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now