Chapter (723)"ပြိုင်ဘက်ကင်းသော"

175 18 0
                                    

Chapter (723) (စာစဉ် ၅၂- အပိုင်း၉)

“ပြိုင်ဘက်ကင်းသော”

တောင်ပိုင်းနှင့် အရှေ့ပိုင်းမှာလည်း အဆင်ပြေလျက် ရှိနေပါသည်။

မင်းသား ဟွာရန်းသည် စစ်သူကြီး ဇန်ချီရှန်နှင့် အရှေ့အရပ်တွင် ရင်ဆိုင်နေလျက်ရှိ၏။

အမှားအယွင်း တစ်စုံတစ်ရာ မဖြစ်သေးခင် အထိ အရှေ့အရပ်မှာ အဆင်ပြေနေပေလိမ့်မည်။

စစ်သူကြီးလန်မှာလည်း တောင်ပိုင်းကို ကာကွယ်နေလျက်ရှိသည်။

ရုတ်တရက် ဖြစ်ပေါ်လာသော တောင်ကြီးမှာ သဘာဝ အတားအဆီးကြီး တစ်ခုဖြစ်ခဲ့သည့်အတွက် ရှန်ယုနိုင်ငံတော်ကို ခေါင်းဆောင် လာသော စစ်သူကြီးမှာ စစ်သူကြီးလန်ကို ရင်ဆိုင်နိုင်ရန်အတွက် အခွင့်မသာသေးချေ။

ထို့ကြောင့် တောင်ပိုင်းမှာလည်း လုံခြုံနေသေးဟု ဆိုရပေမည်။

တစ်နည်းအားဖြင့် ချန်နိုင်ငံတော်မှာ အန္တရာယ်များမှ လွတ်မြောက်သွားပြီဟုပင် ဆိုနိုင်ပေသည်။

မင်းကြီးမှာ နိုင်ငံအတွင်းမှ အရှုပ်အထွေးများကို ရှင်းပစ်ရန် အချိန်တန်ပြီဟု တွေးလိုက်မိသည်။

အတွေးနယ်ချဲ့နေသည့် ဘုရင်ဖြစ်သူ၏ မျက်နှာပေါ်မှ ခက်ထန်မှုများကို မြင်လိုက်သောအခါ မှူးမတ်များ သည် ကြောက်ရွံ့လာမိကြသည်။

“ဇုဝူကျီက ညီလာခံမှာ ရဲရှောင်ကို အကြံပြုခဲ့ပေးတယ်။ အဲဒီအတွက် သူ့ကို ဆုချီးမြှင့်သင့်တာပေါ့”

စိတ်နှလုံး ရွှင်လန်းလျက်ရှိသော မင်းကြီးမှာ ချက်ချင်းပင် ဇုဝူကျီအား ရာထူးသုံးဆင့် တိုး၍ ချီးမြှောက်ခဲ့သည်။

ဇုဝူကျီမှာလည်း ထိုအတွက် မင်းကြီးအား အလွန် ကျေးဇူးတင်လျက် ရှိသည်။

“စစ်သူကြီးရဲလို့ ခေါ်တဲ့ ရဲရှောင်က ကျုပ်တို့ရဲ့ နိုင်ငံအတွက် ရှေ့ထွက် တိုက်ပွဲဝင်ပေးခဲ့ပြီး နိုင်ငံပြိုကွဲ မယ့်ဘေးကနေ ကယ်တင်ပေးခဲ့တယ်။ ကျုပ်တို့ရော ကျုပ်တို့လူတွေအတွက်ပါ သူက ကယ်တင်ပေးခဲ့တယ်။ သူက အများကြီး အကျိုးကျေးဇူးပြုခဲ့တာပဲ။ ငါကိုယ်တော် သူ့ကို ဘွဲ့တစ်ခု ချီးမြှင့်မယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now