827 - 828

204 20 1
                                    

Chapter (827)(စာစဉ် ၅၉- အပိုင်း၁၃)

“ချစ်စဖွယ်ကောင်းသော ကြောင်လေး”

ယွဲ့ချန်းရှန်က ငါးများကို ခေါ်လိုက်သောအခါ ငါးအုပ် ကြီးက သူရှိရာ နေရာသို့ ကူးခပ်လာကြသည်။

သို့သော် တစ်စုံတစ်ခုကို ကြောက်ရွံ့နေကြသည့်ပုံပင်။

ယွဲ့ချန်းရှန်လည်း ငါးများ မူမမှန် ဖြစ်နေသည်ကို သတိ ပြုလိုက်မိသည်။

ထို့ကြောင့် သူ့ငါးများကို အကြမ်းဖျဉ်း ရေတွက်ကြည့် လိုက်သည်။

ထိုအခါ ယွဲ့ချန်းရှန် အလွန်အမင်း ထိတ်လန့်သွား သည်။

“ဘုရားရေ . . .”

“ငါ့ရဲ့ ဝိညာဉ်ငါးတွေ အကောင်သုံးဆယ်လောက် ပျောက်နေပါလား . . .”

“အကြီးဆုံး ရောင်စုံငါးကြီးတွေရော . . .”

“ဟင် ဆယ်ကောင်လောက်ကို ပျောက်နေတာပဲ။ ဖျက်ဆီးခြင်း ငါးတွေဆိုရင် အကုန်လုံးကို မရှိတော့တာပါ လား။ ဘယ်လိုဖြစ်တာလဲ . . .”

ငါးများ ပျောက်နေသည်ကို သိသွားသော ယွဲ့ချန်းရှန်၊ ရုတ်တရက် ဆောက်တည်ရာမရ ဖြစ်သွားပြီး သွေးပင် အန်ချင်သွားသည်။

ကန်ထဲတွင် သက်တမ်းနှစ်တစ်ရာ အထက်ရှိသော ငါး ကြီးများ ဖြစ်သည့် ဖျက်ဆီးခြင်း ငါးများ မရှိတော့ပေ။

တစ်ပိဿာကျော် ရှိသော ငါးငယ်များသာ ကန်ထဲ ကျန် ရှိတော့ခြင်း ဖြစ်သည်။

ယွဲ့ချန်းရှန် ထိုင်ပင် ငိုချင်သွားသည်။

ဖျက်ဆီးခြင်း ငါးများက ချင်းရန်နယ်ပယ်တွင် အထင် ရှားဆုံး ငါးများ ဖြစ်သည်။

အဆိုပါ ငါးများ သက်တမ်း တစ်ရာကိုးဆယ့်ကိုးနှစ်သို့ ရောက်ချိန်တွင် ဖျက်ဆီးခြင်း ခရမ်းရောင်ချီဓာတ်များကို ထုတ်လွှတ်ကြသည်။

ထို့ကြောင့် ငါးများကို စားသော မည်သူမဆို ခရမ်း ရောင်ချီဓာတ်များကို ပိုင်ဆိုင်ခွင့် ရနိုင်သည်။

ယွဲ့ချန်းရှန်က ထိုငါးများကို နှစ်တစ်ရာ သက်တမ်းရှိ အောင် တယုတယဖြင့် ပြုစုမွေးမြူခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now