Chapter (726)"အကြီးမားဆုံးသော ထိုးနှက်ချက်"

165 16 0
                                    

Chapter (726) (စာစဉ် ၅၂- အပိုင်း၁၂)

“အကြီးမားဆုံးသော ထိုးနှက်ချက်”

“အကာအကွယ်တွေအတွက် လိုအပ်တာတွေ အားလုံး ပြင်ဆင်ကြ . . .”

“သေသေချာချာ ပြင်ဆင်ပြီး ဖြစ်ပါစေ . . .”

စစ်သူကြီးရဲမှာ သူထွက်မသွားခင် အချိန်ကပင် ထိုကဲ့သို့ အမိန့်ပေးခဲ့သည်။

ကာကွယ်ရန်အတွက်သာ ဖြစ်သည်။တိုက်ခိုက်ရန်အတွက် မဟုတ်ပေ။

“ခင်ဗျားတို့ကတော့ ကျန်တဲ့ ရက်တွေမှာ ကိုယ့်ကိုယ့်ကိုယ် တိုးတက်အောင် ကြိုးစားကြပေတော့။ ကျုပ်တို့အတွက် အချိန်သိပ်မကျန်တော့ဘူး . . .”

ရဲရှောင်မှာ နင်ဘီလျူ။ လျူချန်းဂျန်နှင့် ကျောင်းဖင်းရှန်တို့အား သူထွက်မခွာမီ ထိုကဲ့သို့ ပြောခဲ့သည်။

ရဲရှောင်သည် လင်းပါအိုမှ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်များကိုပင် သူနှင့် မလိုက်ပါစေလိုတော့ပေ။

သူ မည်သည့်နေရာသို့ ထွက်သွားမည်ကို ဆောင်ဂျုပင် မသိနိုင်အောင် ဖြစ်နေပါတော့သည်။

စစ်သူကြီးရဲမှာ နိုင်နေလျက်သားနှင့် ပြန်လည် ဆုတ်ခွာခဲ့သည်။ ရယ်စရာ ဟာသသဘောမျိုး ပြုလုပ်လိုက်သလိုပါပင်။

ထိုဖြစ်ရပ်ကြောင့် တစ်ကမ္ဘာလုံး အံ့ဩခဲ့ကြရသည်။

ကမ္ဘာကြီးတစ်ခုလုံးသည် စစ်သူကြီးရဲမှ လူအင်အား အနည်းငယ်ဖြင့် အပြာရောင်လေနိုင်ငံတော်၏ စစ်သူကြီး ဝရမ်ဂျန်ရင် ခေါင်း ဆောင်သော စစ်သည်တစ်သန်းကျော်အား အနိုင်ယူခဲ့သည်ကို အံ့ဩနေကြတုန်းပင် ရှိပါသေးသည်။

ထို့ပြင် သိပ်မကြာခင် အချိန်အတွင်းမှာပင် စစ်သူကြီးရဲမှ မိန်းမလှလေးတစ်ဦးအတွက် အနိုင်ရရှိမည့် အခွင့်အရေးကို လက်လွတ်ခံခဲ့သော သတင်းကြောင့် ထပ်မံ၍ အံ့ဩကြရပြန်သည်။

မော်တယ်ကမ္ဘာမှ လူများ အဖို့ ထိုဇာတ်လမ်းသည် တသသဖြင့် ပြောစမှတ်တွင်သည့် အရာတစ်ခုပင် ဖြစ်သွားခဲ့ရသည်။

“တော်တော် ထူးဆန်းတာ ဒီလူက တကယ့်ကို ထူးဆန်းတဲ့ လူပဲ . . .”

“ဟုတ်တာပေါ့ ရဲရှောင်က မိန်းမလှလေးတစ်ယောက်အတွက် သူ့နိုင်ငံကိုတောင် စွန့်ပစ်နိုင်ခဲ့တယ်”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now