Chapter (727)"ဝုကျီ၏ ပြန်လည် ချေပချက်"

175 18 0
                                    

Chapter (727) (စာစဉ် ၅၂- အပိုင်း ၁၃)

“ဝုကျီ၏ ပြန်လည် ချေပချက်”

“ဒီလိုမျိုးအခြေအနေမှာ ကျုပ်တို့ဘက်က တိုက်ပွဲနိုင်ခဲ့မယ်ဆိုရင်တောင်မှ သူတို့တွေ ပင်ပန်းလွန်းလို့ သေသွားကြလိမ့်မယ်။ ခင်ဗျားတို့က ကိုယ့်လူတွေကိုယ် သေတွင်းထဲ ပို့နေတာလား။ အဲဒီလို လုပ်မယ့်အစား ကျုပ်တို့ရဲ့ သူရဲကောင်းတွေကို သတ်ပစ်လိုက်ပါတော့လား . . .”

“အပြာရောင်လေနိုင်ငံတော်က မင်းသမီး ဝရမ်ချူးချူးက ကျုပ်တို့ လူတွေကို ခြိမ်းခြောက်ဖို့ ကြိုးစားတာ အလုပ်မဖြစ်မှန်း သိပေမယ့်လည်း သူခြိမ်းခြောက်တဲ့အရာက မဖြစ်နိုင်တဲ့ အရာတော့ မဟုတ် ဘူး။ အပြာရောင်လေနိုင်ငံတော်အနေနဲ့ ထွက်ပြီးတော့ မတိုက်ခိုက်ဝံ့တာမှန်တယ်။ ဒါပေမယ့် သူတို့သာ ထွက်ပြီးတော့ တိုက်ခိုက်မယ်ဆိုရင် အခြေအနေတွေက အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ် . . .”

“စစ်သူကြီးရဲ ဦးဆောင်တဲ့ တပ်က ရန်သူ့ပိုင်နက်ထဲကို ရောက်သွားရင် ဘယ်လို ဆက်ဖြစ်မှာလဲ။ သူတို့က သံတောင်ကုန်းရဲ့ တိုက်ပွဲကို အနိုင်တိုက်ပြီးတော့ ရန်သူတွေရဲ့ နောက်ကို ခုနှစ်ရက်တိုင်တိုင် မနားဘဲ လိုက်ခဲ့ကြတဲ့အတွက် သူတို့ ပင်ပန်းနွမ်းနယ်နေကြပြီ။ အဲဒီတော့ သူတို့ ပြန်ဆုတ်ခွာဖို့ လိုအပ်နေပြီ။ ဒီလို ပြန်ဆုတ်ခွာနိုင်ဖို့အတွက် ဆင်ခြေအကြောင်းပြချက်လေးတစ်ခု လိုအပ်နေတယ် . . .”

“သူတို့သာ ဆက်ပြီး တိုက်ခိုက်လာရင် ကျုပ်တို့ဘက်က သေချာပေါက် ရှုံးနိမ့်သွားနိုင်တယ်။ ခင်ဗျားတို့ပဲ သေချာ စဉ်းစားကြည့်စမ်းပါဗျာ။ ရန်သူတွေကို ဒီလောက်ထိ အဝေးကြီး လိုက်လာပြီးမှတော့ သူသာ တိုက်ပွဲကို နိုင်မယ်လို့ ယုံကြည်ချက် ရှိနေရင် ဒီလို အခြေအနေမှာ ဘာလို့ လက်လျှော့တော့မှာလဲ”

“သူက စစ်သည်တစ်သိန်းကျော်လေးနဲ့ စစ်သည်တစ်သန်းခွဲလောက်ကို တိုက်ခိုက်ခဲ့တဲ့လူ။ ကျုပ်တို့ အတွက် အောင်မြင်မှုတွေ ယူပြီး သူလည်း မြှောက်စားခံရမယ့် အခြေအနေကို သူက လက်လျှော့ လိုက်ပါ့မလား . . .”

“စစ်သူကြီးရဲအနေနဲ့ နောက်ပြန်ဆုတ်ခွာဖို့ဆိုရင် သူ့အတွက်က အကြောင်းပြချက် တစ်ခု လိုနေ တယ်လေ။ သူ့ရဲ့ စစ်သည်တွေက အစွမ်းထက်ကြတာ မှန်ပေမယ့် တကယ်တမ်းကြ သူတို့လည်း အားကုန် နေကြပြီ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now