821 - 825

196 20 0
                                    

Chapter (821)(စာစဉ် ၅၉- အပိုင်း၇)

“ငရဲခန်းအစ”

ဖန်ဝုရင် နှင့် ယန်ပိုင်လျူတို့ကို မည်သူကမှ မျိုးမစစ် ကောင်ဟု ခေါ်ရဲလိမ့်မည် မဟုတ်ပေ။

လဲ့ဒါဒီ တစ်ဦးတည်းကသာ ခေါ်ရဲခြင်း ဖြစ်သည်။

ဖန်ဝုရင်နှင့် ယန်ပိုင်လျူတို့ကတော့ အိပ်ရာဝင်သွားပါ ပြီ။

ထို့ကြောင့် တစ်ယောက်တည်း ကျန်ခဲ့သော လဲ့ဒါဒီ၊ အတွေးနယ်ချဲ့ နေမိသည်။

သူနှင့် အခြားလူများ ကျင့်ကြံမှုများ ပြုလုပ်ရင်း ပျော်ပါးခဲ့ဖူးသည့် အတိတ်နေ့ရက်များကို ပြန်တွေးမိလိုက် ခြင်း ဖြစ်သည်။

ဘဝနေဝင်တော့မည့် အဘိုးကြီးအတွက် အတိတ် နေ့ရက်များကို ပြန်တွေးရသည်က ချိုမြိန်နေလွန်းသည်။

အချိန် နာရီများ ကုန်ဆုံးရင်း ရာသီများသာ တရွေ့ရွေ့ ပြောင်းလာသည်။

ဖန်ဝုရင်နှင့် ယန်ပိုင်လျူတို့ကတော့ မပြောင်းလဲသေး ပါ။

လဲ့ဒါဒီကိုယ်တိုင်လည်း ထို့အတူပါပင်။

“အချိန်တွေက တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြီ။ ဘာလိုလိုနဲ့ အဲဒီနေ့ကလည်း မကြာခင် ရောက်လာ တော့မှာပဲ . . .”

လဲ့ဒါဒီ တစ်ကိုယ်တည်း ရေရွတ်ရင်း သက်ပြင်းချလိုက် မိသည်။

ထို့နောက် သူသည်လည်း အိပ်စက်ရန် တဲအတွင်း ဝင်သွားပါတော့သည်။

နောက်တစ်နေ့ နံနက်တွင် အထူးလေ့ကျင့်မှု စတင် တော့မည် ဖြစ်၍ ရဲရှောင်သာမက အဘိုးကြီးသုံးဦးလည်း ကောင်းကောင်း အိပ်စက် အနားယူသင့်သည် မဟုတ်ပါ လား။

အဆိုပါ သုံးလအတွင်း ရဲရှောင်ထက် အဘိုးကြီး သုံးဦးက ပိုခက်ခဲ ပင်ပန်းဦးပေမည်။

သို့သော် အနားယူရန် ဝင်သွားသော လဲ့ဒါဒီ၊ အိပ်စက်ရန် နေရာ မရှိတော့ပေ။

ရဲရှောင်က တွေ့သည့် အိပ်ရာပေါ်တွင် ထိုးအိပ် လိုက်ရာ လဲ့ဒါဒီ၏ အိပ်ရာ ဖြစ်နေခဲ့သည်။

ထို့ကြောင့် တပည့်ဖြစ်သူကို မနှိုးရက်သော လဲ့ဒါဒီ၊ ဖန်ဝုရင်၏ တဲအတွင်း သွားကြည့်လိုက်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now