841--842

200 20 0
                                    

Chapter (841)(စာစဉ် ၆၀- အပိုင်း၁၃)

“သူ့နာမည်က ရဲရှောင်”

အချိန်အတော်ကြာပြီးမှ ရဲရှုချင်က ပြုံးလိုက်ရင်း -

“ဟုတ်ပါတယ်လေ . . .”

“ငါ့မြေးလေးက ဒီမှာ ရှိမနေသင့်ဘူး၊ သူသာ ဒီမှာ ရှိနေရင် သေသွားနိုင်တယ် . . .”

ရဲနန်ရှန်က ခေါင်းညိတ်လိုက်ကာ -

“ဟုတ်တယ် အဖေ . . .”

“သူက ကျွန်တော့်သား ဖြစ်နေတယ်ဆိုတဲ့ အချက်နဲ့တင်၊ ချင်းဟွာနန်းတော်ကို ခြိမ်းခြောက်နိုင်တယ် ဆိုတဲ့ အချက်နဲ့တင်၊ ဆယ့်ခုနှစ်လောက် ကြာပြီး နောက်ပိုင်း သူ့လို လူမျိုးက ဒီမျိုးနွယ်စုမှာ ထပ်ရှိ နေစရာ အကြောင်း မရှိဘူးလေ . . .”

“သူသာ ထပ်ရှိနေရင် ကိုယ့်အချင်းချင်း ပြန်သတ်တာ မျိုးတွေ၊ အာဏာလုတာမျိုးတွေ ဖြစ်လာနိုင်တယ် . . .”

“ကျွန်တော့်ညီ သေသွားရပြီးပြီ . . .”

“ကျွန်တော့်သားကို ထပ်အဆုံးရှုံး မခံနိုင်တော့ဘူး . . .”

“ကျွန်တော့်သားသာ ဒီကို ရောက်လာပြီး သူ ဘယ်လောက် ပါရမီပါတယ်၊ အစွမ်းထက်တယ် ဆိုတာ ပြလိုက်ရင် သူ့ကို သေချာပေါက် သတ်ကြတော့မှာ . . .”

ရဲနန်ရှန်က မချိပြုံး ပြုံးရင်း ပြောလိုက်သည်။

ရဲရှုချင် မျက်နှာ ကွက်ခနဲ ပျက်သွားသည်။

မည်သည့် စကားမှ မဆိုသော်လည်း လက်နှစ်ဖက်လုံး ကိုမူ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

ရဲနန်ရှန်က ဆက်လက်၍ -

“သူ့ကို အပြင်သိုင်းလောကမှာပဲ သူ့ဘာသာ ရှင်သန် ခိုင်းလိုက်တာ ပိုကောင်းပါတယ် အဖေ . . .”

“အဲဒါဆို မျိုးနွယ်စုကြောင့် စိတ်အနှောင့်အယှက် မဖြစ် ရတော့ သူလည်း လွတ်လွတ်လပ်လပ် နေနိုင်တာပေါ့ . . .”

“ဒီဆုံးဖြတ်ချက်ကို ညီလေးကိစ္စ မသိခင်ကတည်းက ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ အခုပဲ ကြည့်လေ ကျွန်တော့် ဆုံးဖြတ်ချက် မှန်သွားပြီ . . .”

“သူအဆင်ပြေစေဖို့ ငါမျှော်လင့်ပါတယ် . . .”

ရဲရှုချင်က သက်ပြင်းချရင်း ပြောလိုက်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now