Chapter (775)"အနီးကပ် သတ်ဖြတ်ရန် ကြံရွယ်ခြင်း"

161 15 0
                                    

Chapter (775)(စာစဉ် ၅၆- အပိုင်း၃)

“အနီးကပ် သတ်ဖြတ်ရန် ကြံရွယ်ခြင်း”

ရှေ့ဆုံးမှ ထွက်သွားကြသော လူများအဖို့ ပြင်ဆင်ချိန်ပင် မရလိုက်။

လက်နက်ပုန်းများ၏ တိုက်ခိုက်မှုကို ခံလိုက်ရတော့သည်။

ဖြာကျနေသော နေရောင်ခြည်။
လဲလျောင်းနေသော တောင်ကုန်းလေး။

မသေခင် ထိုအလှတရားများကို မြင်တွေ့လိုက်ရ၍ သေရကျိုး နပ်သည်ဟု တွေးထင်မိသည်ထင် သေဆုံးသူများ၏ မျက်နှာများပေါ်တွင် ကျေနပ်မှုများ ယှက်သမ်းနေ လျက် ရှိနေသည်။

ထိုအချိန် . . .

ရှောင်မူဖေ့ ကျယ်လောင်စွာ အော်ဟစ်၍ -

“ခုခံကြဟေ့ . . .”

အော်သံနှင့်အတူ ရဲရှောင်ကို မြေပြင်ပေါ်သို့ လဲချလိုက် သည်။

ထို့နောက် လေထဲသို့ ခုန်တက်သွားပြီး ဓားကို ဆွဲထုတ် လိုက်သည်။

ဓားမှ ဓားအလင်းတန်းများမှာ ပိုက်ကွန်တစ်ခု ကဲ့သို့ ဖြစ်တည်သွားပြီး လက်နက်ပုန်းများကို ထိမှန်သွား သည်။

သို့သော် နောက်ကျသွားခဲ့လေပြီ။

လက်နက် ပုန်းများဖြင့် တိုက်ခိုက်ခံ လိုက်ရသော ဧရိယာရှိ ရေခဲလနန်းတော်မှ လူအများအပြား နာနာ ကျင်ကျင် အော်ဟစ်၍ မြေပြင်ပေါ်သို့ လဲကျကုန်သည်။

မြေကြီးတွင်းထဲမှ ထွက်လာသော ဝတ်ရုံနက်ဝတ် လူများမှာ တစ်ကိုယ်လုံးကို အနက်ရောင်ဖြင့် ဖုံးလွှမ်းထား ပြီး မျက်လုံးများကိုသာ ဖော်ထား၏။

ထိုမျက်လုံးများမှာ သွေးအေးရက်စက်၍ အကြောက် တရားဟူ၍ စိုးစဉ်းမျှ မရှိ။

ပထမဆုံး လက်နက်ပုန်း တိုက်ခိုက်မှု ပြုလုပ်ပြီး‌ နောက် ဒုတိယ တိုက်ခိုက်မှုကို တွေဝေခြင်းမရှိ ဆက်တိုက် လုပ်ဆောင်လိုက်ကြသည်။

တိုက်ခိုက်မှုများ ပြီးနောက် ၎င်းတို့၏ တိုက်ခိုက်မှု ကြောင့် ရလဒ် မည်သို့ ဖြစ်သွားသည်ကို စစ်ဆေးမနေ တော့ဘဲ ချက်ချင်းပင် တောအုပ် အတွင်းသို့ ဝင်ရောက်၍ ပျောက်ကွယ်သွားကြပြန်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now