Chapter (756)"ရဲခွန်ရှောင်"

188 20 0
                                    

Chapter (756) (စာစဉ် ၅၄- အပိုင်း ၁၂)

“ရဲခွန်ရှောင်”

ရှောင်မူဖေ့မှာ မထီမဲ့မြင် မျက်နှာထားမျိုးဖြင့် ပြုံး လိုက်၏။

ယခုကိစ္စသည် သူ၏ ဂိုဏ်းအနာဂတ်နှင့် ပတ် သက်နေ၍ အခြားဘယ်အရာကိုမှ ဂရုစိုက်နေမည် မဟုတ် ဘဲ နောက်ဆုတ်မည်လည်း မဟုတ်ချေ။

မူဝုချန်တစ်ယောက် မျက်နှာပျက်သွားပြီးနောက် မည် သည့် စကားမျှ မဆိုတော့ချေ။

အခြားလူများမှာလည်း နှုတ်ဆိတ်သွားကြ၏။

ရှောင်မူဖေ့ ပြောလိုက်သည်မှာလည်း အမှန်များသာ ဖြစ်၏။

ယခုနေရာတွင် ရှောင်မူဖေ့ထက် ပိုအစွမ်းထက် သော လူရှိနေမည်ဆိုပါကလည်း ထိုကဲ့သို့ပင် လုပ်မည်မှာ အသေအချာပင်။

နှစ်ပေါင်းထောင်ကျော်အတွင်း ရှောင်မူဖေ့သည် ယခု နေရာကို စောင့်ကြပ်ခဲ့ရသူများအနက် အစွမ်းထက်ဆုံးဟု ဆိုနိုင်ပြီး ယခုတာဝန်၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်၏။

ရေခဲလနန်းတော်သည် ချင်းရန်နယ်ပယ်တွင် သားရဲ များ အမဲလိုက်သည့် နေရာ၌ နာမည်ကျော် ဂိုဏ်းတစ် ဂိုဏ်းဖြစ်ပြီး အခြားသော အင်အားစုများထက် လူအင်အား ပိုမို စေလွှတ်ထားသော ဂိုဏ်းလည်း ဖြစ်၏။

ယခု ရှိနေကြသော လူများအားလုံး၏ တစ်ဝက်ကျော် လောက်မှာ ၎င်းတို့၏ ဂိုဏ်းမှ ဖြစ်ကြသဖြင့် ယခုအချိန် တွင် အင်အားအတောင့်တင်းဆုံး ဖြစ်နေသည်ဟုလည်း ဆို နိုင်ပေသည်။

ရှောင်မူဖေ့သည် ရွှေအကြေးခွံနဂါးငါးအား စားသောက် ခဲ့သည့် ရဲရှောင်ကို မရရအောင် ခေါ်မည့်ပုံပင်။

ထိုသည် ကိုလည်း မည်သူမှ တားဆီး နိုင်ကြလိမ့်မည် မဟုတ်ပေ။

တားဆီးရန် အခွင့်အရေး မရှိလျှင် သတ်ဖြတ်ရန်ကိုမူ အခွင့်အရေး ရှိနေသေးသည် မဟုတ်ပါလား။

အဆင့်နိမ့်ကမ္ဘာမှ ယခုကမ္ဘာသို့ ရောက်ခါစ လူတစ်ဦး ဖြစ်သော ရဲရှောင်အား သတ်ဖြတ်ရန်မှာ မခက်ခဲလှချေ။

ရှောင်မူဖေ့မှ ရဲရှောင်အား အပိုင်းပိုင်းဖြတ်၍ ဝေဌပေး မည်ဆိုလျှင်ပင် ဂိုဏ်းများအနေဖြင့် ယူကြမည်သာ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now