Chapter (760)"သဘာဝသိမ်မွေ့ခန္ဓာကိုယ်"

177 16 0
                                    

Chapter (760)(စာစဉ် ၅၅ - အပိုင်း၂)

“သဘာဝသိမ်မွေ့ခန္ဓာကိုယ်”

ရဲရှောင်လည်း မည်သည့်စကားမျှ မဆိုတော့ဘဲ ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်တော်စွမ်းအင်များကို စုပ် ယူနိုင်ရန်အတွက် ကျင့်ကြံမှု ပြုလုပ်ရန်သာ ပြင်လိုက်၏။

ယခုကျင့်ကြံမှုသည် သူ့အဖို့ ချင်းရန်နယ်ပယ်သို့ ရောက်ပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် ပြုလုပ်လိုက် သည့် ကျင့်ကြံမှုပါပင်။

အားဟူမှာမူ သူ၏ ဝတ်ရုံကြားထဲတွင် ကလေးငယ် တစ်ဦးကဲ့သို့ ငြိမ်သက်စွာဖြင့် ရှိနေသည်။

တခဏအကြာတွင် သိပ်သည်းလှသော ဝိညာဉ်တော် ချီဓာတ်များသည် ဒီရေအလား စုဆုံလာကြသည့်အတွက် ရဲရှောင်မှာ ဝိညာဉ်တော်ချီဓာတ် ပင်လယ်ကြီးအတွင်း လွင့်မြောနေသလိုပင် ခံစားလိုက်ရသည်။

အလွန်ကောင်းမွန်လှသည့် ခံစားချက်ဟုပင် ဆိုရမည် ဖြစ်ပြီး စကြာဝဠာအတွင်း ပျံသန်းနေရသည့် ခံစားချက်မျိုး ပေးစွမ်းနေခြင်း ဖြစ်၏။

အမြုတေမှ သိပ်သည်းလှသော ဝိညာဉ်တော်စွမ်းအင် များသည် သူ၏ သွေးကြောများတစ်လျှောက် စမ်းချောင်း ငယ်လေးတစ်ခု စီးဆင်းနေသည့်အလား ဖြည်းညှင်းစွာဖြင့် စီးဆင်းနေကြသည်။

ထိုစွမ်းအင်များမှာ ပူလိုက် အေးလိုက်ဖြင့် ခံစားမှုနှစ် မျိုးလုံးကို တစ်ချိန်တည်းမှာပင် ပေးစွမ်းနေလျက်ရှိသည့် အတွက် ရဲရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက် သာ ဖြစ်နေလျက်ရှိသည်။

တစ်နည်းအားဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အာရုံ ကြောတိုင်းသည် အာရုံခံစားနိုင်မှု အကောင်းဆုံး အခြေအ နေသို့ ရောက်ရှိ နေပြီဟုပင် ဆိုရပေမည်။

အချိန်ကုန်လို့ ကုန်မှန်း မသိနိုင်လောက်အောင်ပင် ဖြစ် စေနိုင်သည့် အလွန်ကောင်းမွန်သည့် ခံစားမှုများကို ပေး နိုင်သည့် စွမ်းအင်များပါပင်။

တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်အတွင်းမှ သိပ် သည်းလှသော ဝိညာဉ်တော်ချီဓာတ်များသည် သူ၏ သွေး ကြောများအတွင်းသို့ စီးဝင်လာကြပြန်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now