Chapter (754)"မထင်မှတ်မှုများ"

186 17 0
                                    

Chapter (754) (စာစဉ် ၅၄- အပိုင်း၁၀)

“မထင်မှတ်မှုများ”

အားဟူမှာ ငါးကို ပါးစပ်ဖြင့် ကိုက်ခဲ့သည့်တိုင် သက် တန့်ဂိတ်တံခါးကို ခြေထောက်ဖြင့် ထိခဲ့သောကြောင့် အပူ လောင်သွားပြီး ငါးကို မြိုချရန် အချိန်မရှိခဲ့ပေ။

နာကျင်မှုကြောင့် အားဟူ၏ ပါးစပ်မှာ အနည်းငယ် ဟသွားကာ ငါးသည်လည်း ရုန်းကန်ရန် အခွင့်အရေး ရ သွားခဲ့သည်။

သို့သော် ငါးထွက်ပြေးရန် ပြင်ဆင်နေစဉ်မှာပင် အားဟူ မှ ရိုက်ချလိုက်သည့်အတွက် ငါးမှာ မတော်တဆ ဖြင့် ရဲရှောင်၏ ပါးစပ်အတွင်းသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ် သည်။

ရဲရှောင်လည်း အစပိုင်းတွင် ပါးစပ်ထဲမှ ငါးညှီနံ့ ရရှိ လိုက်သော်လည်း မကြာခင်မှာပင် ထိုခံစားချက်များ ပျောက်ကွယ်သွားပြီး နွေးထွေးသည့် စွမ်းအင်လှိုင်း တစ်ခု စီးဆင်းလာသည်ကို ခံစားလိုက်ရ၏။

ထိုစွမ်းအင်များသည် သူ၏ လည်ပင်းမှတစ်ဆင့် စွမ်း အင်သိုလှောင်ရာအတွင်းသို့ စီးဝင်သွားကြပြီး အဆုံးမရှိ သော ချီဓာတ်များ စီးဝင်သွားကြသည့်အလား ရဲရှောင် ခံ စားလိုက်ရသည်။

တခဏအကြာတွင် အဆိုပါ ချီဓာတ်များမှာ ငါးများ ပိုက်ကွန်ထဲသို့ တိုးဝင်နေကြသည့်အလား သူ၏ အရိုးများ၊ ကြွက်သားများဆီသို့ တိုးဝင်သွားကြ၏။

ရဲရှောင်အဖို့ ဖော်မပြနိုင်လောက်အောင်ပင် ကောင်း သော သက်တောင့်သက်သာ ဖြစ်မှုမျိုးကို ခံစားလိုက်ရ သည်။

ရွှေအကြေးခွံနဂါးငါး၏ ခေါင်းပိုင်းတွင် အမြုတေ ရှိနေ ခြင်းဖြစ်ပြီး ရဲရှောင်မှာ ထိုခေါင်းပိုင်းတစ်ခုလုံးကို မြိုချ လိုက်မိခြင်းပင် ဖြစ်၏။

ဒေါသထွက်သွားသော အားဟူမှာ အဆိုပါငါးအား ပြန် ရနိုင်ရန် ကြိုးစားလိုက်သော်လည်း တစ်ဝက်ကိုမူ ရဲရှောင်မှ စားပစ်လိုက်ချေပြီ။

အားဟူ၏ စိတ်ထဲတွင် မချိတင်ကဲပင် ခံစားလိုက်ရ၏။

(ငါဘာလို့ ဒီလောက်ထိ နမော်နမဲ့ နိုင်ရတာလဲ မသိဘူး။ ငါသေသေချာချာ ကိုက်ထားသင့်တာ။ အခုတော့ ငါ့သခင်ရဲ့ ပါးစပ်ထဲကို ရောက်သွားပြီပေါ့ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now