Chapter (716)"မီးတောက်များ"

217 18 0
                                    

Chapter (716) (စာစဉ် ၅၂ - အပိုင်း ၂)

“မီးတောက်များ”

စစ်သည်တော်များအားလုံး တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြချေပြီ။

ရဲရှောင်၏ အစီအစဉ်ကို နားမလည်ကြသည့်တိုင် ၎င်းတို့မှာ အသင့်အနေအထားဖြင့် ရှိနေကြသည်။

ရဲရှောင်၊ ဆောင်ဂျု၊ နင်ဘီလျူ၊ ကျောင်းဖင်းရှန် နှင့် လျူချန်းဂျန်တို့ ငါးဦးသာ ခံတပ်မြို့ရိုးပေါ်တွင် ရှိကြတော့သည်။

ထိုလူငါးဦးသာ မီးတောက်များ၏ အပူရှိန်ကို ရင်ဆိုင်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။

“ဒီသစ်ပုံတွေအားလုံး လောင်ကျွမ်းဖို့ဆိုရင် သုံးရက်လောက်တော့ ကြာမယ်ထင်တယ် . . .”

“ဒါပြီးရင် မိုင်ထောင်ချီ ပတ်ချာလည်က သက်ရှိတွေ အားလုံး ပျောက်ကွယ်သွားလိမ့်မယ်။ နှစ်ရာချီအတွင်းမှာ ဒီနေရာက စွန့်ပစ်နေရာကြီး ဖြစ်သွားတော့မှာပဲ . . .”

ဆောင်ဂျု သက်ပြင်းချရင်း ပြောလိုက်၏။

ရဲရှောင်သည် မီးတောက်များ တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်နေရင်းဖြင့်  တိုက်ခတ်လာ သည့် လေများမှာလည်း ပူသထက်ပူလာသည်ကို ခံစားလိုက်ရသည်။

ထို့အတူ မြေပြင်သည်လည်း ပူနေ လောက်ချေပြီ။

သို့သော် ရဲရှောင်မှာမူ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် မီးတောက်များအား ကြည့်နေတုန်းပင်။

မီးစတင် ရှို့လိုက်သည်မှာ ပေထောင်ချီအကွာအဝေးမှ ဖြစ်ပြီး ယခုအခါတွင် ပေတစ်ထောင်ခန့်ပင် မကွာတော့ချေ။ အလွန်နီးကပ်နေပြီ ဖြစ်၏။

အနောက်တောင်လေသည် ပို၍ ပြင်းထန်စွာ တိုက်ခတ်လာသည့်အတွက် မီးတောက်များမှာ ပို၍ အရှိန်ကောင်းလာကြသည်။


အပူရှိန် အမြင့်ဆုံးထိ မရောက်သေးသည့်တိုင် သာမန်လူများမှာ မခံနိုင် ကြတော့ချေ။

သံတောင်ကုန်းအတွင်းတွင် အချို့သော စစ်သည်များမှာ ဂဏာမငြိမ် ဖြစ်နေကြသည်။

မီးတောက် များသည် ပူရုံသာမက လေထဲရှိ အောက်ဆီဂျင်ဓာတ်ကိုပါ လောင်ကျွမ်းသွားစေသည့်အတွက် စစ်သည်တော် များသည် မီးခိုးများကို ရှူရှိုက်နေရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now