851--852

292 23 1
                                    

Chapter (851)(စာစဉ် ၆၁- အပိုင်း၉)

“တဟုန်ထိုး တိုးတက်ခြင်း”

“ဘာ . . .”

“အလဲထိုးခဲ့တယ် ဟုတ်လား။ အယောက် ခုနှစ်ဆယ် ကျော်ကိုတောင်လား။ အဲဒါကို တစ်ညနေတည်းနဲ့လေ . . .”

ရှောင်မူဖေ့ အလွန်အမင်း အံ့ဩနေသည်။

ရဲရှောင်၏ တိုက်ခိုက်မှုနှုန်းက မြန်ဆန်လွန်းနေသည် မဟုတ်ပါလား။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ရဲခွန်ရှောင်က အဆိုပါ လူများထက် များစွာ အစွမ်းထက်နေသည်ကို သိနိုင်သည်။

(အားလုံးက မူလဝိညာဉ်တော် အဆင့်ခြောက်တွေ ချည်းပဲ။ ရဲခွန်ရှောင်က အခုမှ လာတဲ့ လူသစ်တစ်ယောက်။ သူက ဘယ်လိုဖြစ်လို့ ဒီလောက်ထိ စွမ်းအားကြီးနေရ တာလဲ . . .)

(သူနဲ့ အဆင့်တူတွေ အားလုံးကို တကယ်ပဲ အပြတ် ရှင်းပစ်နိုင်လိုက်တယ်တဲ့လား . . .)

“ဒါတောင် အဲဒီလောက်ကြီး မမြန်သေးဘူး . . .”

ဂိုဏ်းသား တစ်ဦးက မျက်နှာမသာမယာဖြင့် ပြော လိုက်သည်။

“သူ့လိုမျိုး နတ်ဆိုး တစ်ကောင်ကို ကျုပ်ဖြင့် အရင်က တစ်ခါမှ မမြင်ခဲ့ဖူးဘူး . . .”

“သူက အဆင့်ခြောက် ဂိုဏ်းသားတွေ အကုန်လုံးကို ဆက်တိုက် အနိုင်ယူခဲ့တာ . . .”

“နောက်ဆုံး ခုနှစ်ဆယ့် တစ်ယောက်မြောက်ကို တိုက်ခိုက်နေရင်းနဲ့ကို သူက အဆင့်တက်ပြီး မူလအိပ်မက် အဆင့် ခုနှစ်ကို ရောက်သွားတယ် . . .”

“အဲဒီမှာ အဆင့်ခြောက် ရှိတဲ့ လူတွေ အကုန်လုံး အလဲထိုး ခံလိုက်ရတော့တာပဲ . . .”

“အဲဒီလိုနဲ့ သူက အဆင့်ခုနှစ်တွေကို စပြီး တိုက်ခိုက် ပြန်ပါလေရော . . .”

“အဆင့်ခြောက်ရဲ့ ထိပ်ဆုံး အဆင့်ကနေ အဆင့် ခုနှစ်ကို ရောက်သွားတာက နားလည်ပေးလို့ ရပါတယ်။ အဲဒါကြောင့် သူက အဆင့်ခြောက်က လူတွေကို အလွယ် တကူ တိုက်ခိုက်နိုင်သွားတာပေါ့ . . .”

“ဒါပေမယ့် သူက အဆင့်ခုနှစ်ကို ရောက်ရောက် ချင်းမှာပဲ အဆင့်ခုနှစ် လေးငါးယောက်လောက်ကို အလဲ ထိုးပြီးသွားပြီ . . .”

You've reached the end of published parts.

⏰ Last updated: Apr 20, 2023 ⏰

Add this story to your Library to get notified about new parts!

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now