Chapter (740)"အားဟူ"

183 17 0
                                    

Chapter (740) (စာစဉ် ၅၃- အပိုင်း၁၀)

“အားဟူ”

သွားလေးများသည် ဖြူဖွေးနေသည့်တိုင် ရဲရှောင်မှာ ချစ်စဖွယ်ကောင်းသည်ဟု မခံစားမိပေ။

အလွန်ချွန်ထက်သောသွားများဟုသာ ထင်လိုက်မိသည်။

ထိုသွားများ၏ ထိပ်ဖျားတွင် အေးစက်စက် အငွေ့အသက်များ ဖုံးလွှမ်းနေသည်ကို ကြည့်ခြင်းအားဖြင့် မည်မျှအထိ ချွန်ထက်လှကြောင်း သိသာ လှပေသည်။

ကြောင်လေးမှာ သူ၏ လက်သည်းများကြောင့်သာမက သွားများကြောင့်ပါ ကြောက်စရာ ကောင်းနေသလို ဖြစ်နေသည်။

“ဘယ်လို . . . မင်းက မကြိုက်ဘူးပေါ့ . . .”

ရဲရှောင်မှ သိသိကြီးဖြင့်ပင် မေးလိုက်သည်။

ကြောင်လည်း သူ၏ အကျင့်ပုတ်သော သခင်ဖြစ်သူကို ကြည့်နေရင်း ဒေါသထွက်နေမိသည်။

(ခင်ဗျားဆိုရင်ရော ဒီလိုနာမည် ကြိုက်ပါ့မလား။ ကြိုက်မလား ပြောလေ။ အီးလုံးလေးဆိုတဲ့ နာမည်ကို ကြိုက်လား . . .)

“မဟုတ်ပါဘူး . . . ဒီလို မဟုတ်ပါဘူး မင်းက ဘာလို့ ဒီလောက်ထိ ဖြစ်နေရတာလဲ . . .”

ရဲရှောင် မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

“မင်းက ငါပြောတာကို နားလည်နေတာပဲ။ အဲဒါတောင် မင်းက စကားမပြောဘူး။ ကြည့်ရတာ မင်းပြဿနာ တစ်ခုခု ရှိနေတယ်ထင်တယ်။ ပြောစမ်းပါ ဟုတ်တယ်မဟုတ်လား . . .”

ရဲရှောင်မှ ဟာသလုပ်နေမှန်း သိသွားသည့်အတွက် ကြောင်လေးမှာ ဒေါသထွက်သွားသောကြောင့် တစ်ပတ်လည်လိုက်ရင်း သူ့အမြီးသူ ပြန်ကိုက်ထားလိုက်သည်။

(ဒီလို လူမျိုးနဲ့ မျက်နှာချင်းကို မဆိုင်ချင်တော့ဘူး . . .)

“သေစမ်းကွာ . . . ဘယ်လိုများ ဖြစ်ရတာလဲ . . .”

ရဲရှောင်မှ မေးလိုက်၏။

“ညောင် . . .”

ဘာမှမဖြစ်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

(အီးဆိုတဲ့ အရာကလွဲပြီး တခြားဟာကို မစဉ်းစားတတ်တော့ဘူးလား . . .)

“ကောင်းပြီ . . . အကောင်းပြောကြတာပေါ့ . . .”

“နဂါးသေးဆိုရင်ရော ဘယ်လိုလဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now