Chapter (779)"သွားခွင့်ပြုလိုက်ပါ"

167 14 0
                                    

Chapter (779)(စာစဉ် ၅၆- အပိုင်း၇)

“သွားခွင့်ပြုလိုက်ပါ”

ရှောင်မူဖေ့မှ အပြုံးဖြင့် -

“သူမသေလောက်သေးပါဘူး . . .”

“မိန်းကလေး မင်းက ရွန်ရွန်လား . . .”

“ရွန်ရွန် . . . ဒီကိုလာပါဦး . . .”

“မင်းကိုငါ ကြည့်ပါရစေဦး . . .”

ရှောင်မူဖေ့၏ အသံများ တုန်ယင်နေသည်။

မိန်းကလေးငယ်မှ ဒူးထောက်ထားရာမှ မော့၍ ကြည့်လိုက်သည်။

မျက်ဝန်းမှ မျက်ရည်စများမှာမူ မခြောက်သေး။

“ကျေးဇူးပြုပြီး . . .”

“ကျေးဇူးပြုပြီး . . .”

“ကျွန်မရဲ့ ဦးလေးဂေါင်ကို ကယ်တင်ပေးပါ . . .”

“သူက မတောင်းပန်စေချင်ပေမယ့် ကျွန်မ သူ့ကို မသေ စေချင်ဘူး။ ကျွန်မ ရှင့်ကို တောင်းပန်ပါတယ် . . .”

တုန်ရီမောဟိုက်နေသော အသံဖြင့် တောင်းဆိုနေသည့် မိန်းကလေး၏ မျက်နှာကို ရှောင်မူဖေ့ ထပ်မြင်လိုက်ရချိန် မှင်သက်သွားမိသည်။

ထိုမျက်နှာမှာ နှလုံးသား အနက်ရှိုင်းဆုံး နေရာအထိ ထင်ဟပ်သွားစေသည်။

ရှောင်မူဖေ့မှာ မျက်ရည်များ စီးကျလာပြီး-

“ရွန်ရွန် . . . ကောင်မလေး . . .”

“တကယ်ပဲ မင်းဖြစ်နေတာကိုး . . .”

“ဒါအမှန်ပဲလား . . .”

ပြောပြောဆိုဆိုဖြင့် ရှောင်မူဖေ့က မိန်းကလေးကို  လှမ်းဖက်လိုက်သည်။

ထိုအခါ -

မူလက မျက်ရည်များဖြင့် ငိုကြွေးနေသော မိန်းကလေး ၏ မျက်နှာမှာ သတ်ဖြတ်လိုသော ပုံစံ ချက်ချင်း ပြောင်း သွားသည်။

တစ်ချိန်တည်းမှာပင် -

သူမ၏ လက်မှ အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး ရှောင်မူဖေ့၏ ခြေထောက်များကို ထိုးစိုက်လိုက်သည်။

အဘိုးကြီးမှလည်း သူ၏ လက်ထဲမှ အလင်းတန်း နှစ်ခု ဖြင့် ရှောင်မူဖေ့၏ ရင်ဘတ်သို့ လက်နှစ်ဖက်လုံး သုံးကာ အားကုန် စိုက်ချလိုက်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now