Chapter (733)"အဖေတူသား"

178 19 0
                                    

Chapter (733) (စာစဉ် ၅၃- အပိုင်း ၅)

“အဖေတူသား”

ရဲနန်ရှန်၏ စိတ်ထဲတွင် သားဖြစ်သူ ရဲရှောင်မှာ ရှုံးနိမ့်သွားပြီဟု တွေးလိုက်မိသည်။ ထိုအချက်ကိုမူ သူကောင်းစွာ သိနေခဲ့သည်။

တခဏမျှ ငြိမ်သက်သွားပြီးနောက် ရဲနန်ရှန်မှာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

ထို့နောက် လက်ထောက်စစ်သူကြီးအား ကြည့်လိုက်ရင်း တိုးညှင်းသောအသံဖြင့် -

“ငါ့သား . . . ရဲရှောင် . . . သူအသက်ရှင်နေသေးလား . . .”

ယခုအချိန်တွင် ထိုအရာသာ သူအလိုချင်ဆုံး အရာတစ်ခုဖြစ်သည်။ သူ၏သား အသက်ရှင်နေသေး သည်ကိုသာ သူလိုချင်နေမိသည်။

(သူက အသုံးမကျတဲ့ ကောင်လေးတော့ မဟုတ်ပါဘူး။ နောက်ပြီး ဆောင်ဂျုကလည်း သူ့အနားမှာ ရှိနေတော့ သူအသက်တော့ရှင်မှာပါ . . .)

ရဲနန်ရှန်အတွက်မူ ရဲရှောင် စစ်ပွဲတွင် အောင်နိုင်ခြင်းဆိုသည်မှာ မဖြစ်နိုင်သည့် အိမ်မက် တစ်ခုလိုပါပင်။

“ဘာကြောင့်များ ဒီလို မေးရတာလဲ စစ်သူကြီး . . .”

လက်ထောက်စစ်သူကြီးမှ ရဲနန်ရှန်အား ကြည့်ရင်း မေးလိုက်၏။

ရဲနန်ရှန် ထိုကဲ့သို့ မေးခြင်းအပေါ် နားမလည်နိုင်ဟန် ဖြစ်နေပုံပါပင်။

(တော်တော်ထူးဆန်းတာပဲ . . . ငါသူ့ကို သတင်းပို့ချက် ဖတ်ပြပြီးပြီ။ စစ်သူကြီးရဲက အောင်မြင်မှုကို ရရှိခဲ့တာလေ။ ဒီလိုဆိုမှတော့ သူက အသက်ရှင်နေလို့ပေါ့။ သူက ဘယ်လိုလုပ်ပြီး သေမှာလဲ . . .)

“ဘာတဲ့လဲ . . .”

“သတင်းပို့ချက်က ဘာတဲ့လဲ . . .”

ရဲနန်ရှန်မှ မေးလိုက်၏။

လက်ထောက်စစ်သူကြီးမှာ အံ့ဩသွားရပြန်သည်။

(ငါပြောတာကို မကြားဘူးလားဟ . . .)

ထို့နောက် လက်ထောက်စစ်သူကြီးမှာ လည်ချောင်းတစ်ချက် ရှင်းလိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် သတင်းပို့ချက်ကို ဖတ်ပြလိုက်ပါတော့သည်။

“အဟမျး . . . အဟမျး . . .”

“အနောက်အရပ်မှ သတင်းပို့လာပါတယ်။ သံတောင်ကုန်းမှာ စစ်သူကြီးရဲရှောင်က စစ်သည် တစ်သိန်းရှစ်သောင်းကို ဦးဆောင်ပြီး ဝရမ်ဂျန်ရင်ရဲ့ စစ်သည်တစ်သန်းခွဲကို တိုက်ခိုက်ခဲ့တယ်။ စစ်သူကြီးရဲက အောင်မြင်မှုကို ရယူနိုင်ခဲ့ပါတယ်။ သူနဲ့ စစ်သည်တွေက ထွက်ပြေးသွားတဲ့ ရန်သူနောက်ကို လိုက်သတ်ခဲ့ကြပါတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now