Chapter (782)"နာကျင်စရာ အတွေ့အကြုံများ"

174 16 0
                                    

Chapter (782)(စာစဉ် ၅၆- အပိုင်း၁၀)

“နာကျင်စရာ အတွေ့အကြုံများ”

အတွေးများစွာ စိုးမိုးနေသေးသည့်တိုင် ရှေ့ဆက်ရမည့် ခရီးစဉ်အတွက် အားအင်ဖြည့်တင်းရန် လိုအပ်နေသေး သည်။

ထို့ကြောင့် အတွေးများကို လက်စဖြတ်ရင်းသာ စားသောက်လိုက် ကြတော့သည်။

စားသောက်ပြီးသောအခါ ရှေ့ဆက်၍ ခရီးနှင်ကြရပြန် သည်။

ယခုခရီးမှာ ခရီးအစကနှင့် မတူတော့။

လူများမှာ ရဲရှောင်အပေါ် ပို၍ ဖော်ရွေလာကြသည်။

“ညီလေးရဲ . . .”

“မင်း ငါတို့ ဂိုဏ်းဆီ ရောက်လာတာ တကယ်ကို ကောင်းတာပဲ . . .”

လူတစ်ဦးမှ ပြုံးလျက်သား ပြောလိုက်သည်။

“ဟုတ်တယ် မင်းက တကယ့်ကို ကံကောင်းတဲ့ ကောင်လေးပဲ . . .”

အခြားလူတစ်ဦးမှ ဝင်ရောက် ထောက်ခံလိုက်သည်။

“တောင်ဂိတ်တံခါးကြီး ပိတ်သွားရင် မင်းလည်း ပိုပြီး တိုးတက်လာမှာ။ တော်တော်ကို ကံကောင်းတာပဲ . . .”

ရဲရှောင် နားမလည်ဟန်ဖြင့် -

“ဘယ်လို . . .”

“တောင်ဂိတ်တံခါးနဲ့ ဂိုဏ်းသားတွေက ဘာများ ဆက် စပ်မှု ရှိလို့လဲဗျ . . .”

“သိပ်ရှိတာပေါ့ . . .”

ဖန်ဒါလုံ အပါအဝင် အားလုံး သံပြိုင် ဖြေလိုက်ကြ သည်။

“ဘယ်လို ဆက်စပ်တာလဲဗျ ပြောစမ်းပါဦး . . .”

ရဲရှောင် ထပ်မေးလိုက်သည်။

ဖန်ဒါလုံ ပြုံးလျက် -

“တောင်ဂိတ်တံခါးကြီး ပွင့်သွားရင် ငါတို့တွေ သိုင်း လောက အပြင်ဘက်ကို ထွက်လို့ရတယ်။ အဲဒီအချိန်ကျ ဂိုဏ်းအတွက် လိုအပ်တဲ့ အလုပ်တွေ လုပ်ပေးကြရတယ်။  ဆုလာဘ် အဖြစ်ကတော့ ဝိညာဉ်တော် ကျောက်တုံးတွေ ရကြတာပေါ့ . . .”

“သိုင်းလောကကြီးထဲကို ဝင်ဖို့ဆိုတာ အန္တရာယ်များ လွန်းတယ်။ ဒါပေမယ့် အနည်းဆုံးတော့ လွတ်လပ်မှု ရကြတာပေါ့ကွာ။ ငါတို့ သွားချင်တဲ့ နေရာကို သွားနိုင် တယ်။ ဒါပေမယ့် တံခါးပိတ်သွားရင်တော့ မတွေးရဲစရာပဲ”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now