Chapter (764)"ငွေရောင်အကြေးခွံမြွေ"

173 17 0
                                    

Chapter (764)(စာစဉ် ၅၅- အပိုင်း၆)

“ငွေရောင်အကြေးခွံမြွေ”

အားလုံးသည် မီးတုတ်များကို ထွန်းညှိလိုက်ကြပြီး နောက် အော်ဟစ်လိုက်သည့် လူရှိရာသို့ သွားလိုက်ကြ သည်။

မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် လူတိုင်း ထိတ် လန့်သွားကြသည်။

ထိုအော်ဟစ်လိုက်သော လူမှာ အသက်ပျောက်နေပြီ ဖြစ်ပြီး သူ၏ မျက်နှာတစ်ခုလုံးမှာလည်း မီးသွေးကဲ့သို့ မဲနက်နေလျက် ရှိ၏။

ခန္ဓာကိုယ်ပေါ်တွင်မူ ထူးခြားသော မြွေတစ်ကောင်မှာ ရစ်ပတ်ထားလျက် ရှိနေသည်။

ထူးဆန်းသော မြွေမှ ကိုက်လိုက်သောကြောင့် ချက် ချင်းပင် သေဆုံးသွားရခြင်း ဖြစ်၏။

သေဆုံးသွားသော လူမှာ မူလအိမ်မက်အဆင့်လေး ရှိသော လူတစ်ဦး ဖြစ်ပြီး အုပ်စုထဲတွင် အားနည်းသည့် လူဟု ဆိုနိုင်ပေသည်။

မူလအိမ်မက် အဆင့်လေး ရှိသည့် လူကို ချက်ချင်း သေစေနိုင်ခဲ့သော ထိုမြွေမှာ မည်သို့သော အစွမ်းထက် မြွေမျိုး ဖြစ်ပါမည်နည်း။

ရဲရှောင် မြွေအား လှမ်းကြည့်လိုက်မိသည်။
မြွေမှာ ငွေရောင်အကြေးခွံရှိပြီး ခန္ဓာကိုယ်မှာ သလင်း ကျောက်ကဲ့သို့ပင် တလက်လက် တောက်ပနေသည်။

မြွေ၏ ခေါင်းပေါ်တွင်‌ ရွှေရောင်အသားပို (အမောက်) ကဲ့သို့ အရာတစ်ခု ရှိနေ၏။

မြွေသည်လည်း သေဆုံးနေပြီ ဖြစ်သည်။
အကိုက်ခံလိုက်ရသော လူသည် သူ၏ ရှိသမျှ အစွမ်း အားလုံးကို စုစည်း၍ ခုခံခဲ့ဟန်ပါပင်။

သူသေဆုံးခဲ့ရသလို မြွေကိုလည်း သေအောင် သတ်ခဲ့သည့် သဘောပင်။

“ငွေရောင်အကြေးခွံမြွေပဲ . . .”

ထိုသို့ ရေရွတ်လိုက်သည့် ရှောင်မူဖေ့၏ မျက်နှာမှာ ပျက်ယွင်းလျက် ရှိ၏။

“အားလုံးစုနေကြဟေ့ . . .”

“မင်းတို့ခြေထောက်အောက်က နေရာတစ်ဝိုက်ကို မြန် မြန် သန့်ရှင်းအောင် လုပ်လိုက်ကြ . . .”

ငွေရောင်အကြေးခွံမြွေ ဖြစ်နေသည့်အတွက် ရဲရှောင် လည်း အံ့ဩသွားမိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now