Chapter (765)"မြွေပင်လယ်"

163 14 0
                                    

Chapter (765)(စာစဉ် ၅၅- အပိုင်း၇)

“မြွေပင်လယ်”

ရဲရှောင်မှာ မူလဝိညာဉ်တော် အဆင့်ရှိနေသည့်တိုင် အဆိုပါ မြွေသုံးကောင်လောက်နှင့် ရင်ဆိုင်ရမည်ဆိုပါက မြွေနှစ်ကောင်လောက်ကို သတ်နိုင်မည် ဖြစ်သော်လည်း တတိယအကောင်ကိုမူ သေချာပေါက် သတ်နိုင်လိမ့်မည် မဟုတ်ချေ။

သူ့အနေဖြင့် အလွန်ဆုံး လုပ်နိုင်သည်မှာ နောက်သို့ ပြန်ဆုတ်၍ ပြန်လည် တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို ရှာဖွေရန်သာ ရှိတော့သည်။

ယခုအချိန်တွင် လူတစ်ယောက်လျှင် မြွေသုံးကောင် ထက်မနည်းပင် ရင်ဆိုင်နေရခြင်း ဖြစ်သောကြောင့် အင်အားနှင့် မမျှအောင်ပင် ရင်ဆိုင်နေရသည်ဟု ဆိုနိုင်ပေ သည်။

ထို့ကြောင့် မြွေများကို သတ်ဖြတ်နိုင်ရန်ထက် နောက်သို့ ဆုတ်ခွာသွားအောင်သာ မောင်းထုတ်နေရ သည်ဆိုလျှင် ပို၍ မှန်ပေသည်။

ထိုသို့ မောင်းထုတ်နိုင်ရန် အတွက်ပင်လျှင် ၎င်းတို့၏ စွမ်းအင်များစွာကို အသုံးပြုနေ ကြရသည်။

အပြင်ဘက်တွင် ရှိနေသော လူအယောက်သုံးဆယ်ခန့် သည် တစ်နာရီခန့်ကြာအောင် တိုက်ခိုက်ခဲ့ကြပြီးနောက် အားအင်များ ကုန်ခမ်းလာကြသလို ခံစားလိုက်ရသည်။

ပင်ပန်းနွမ်းနယ်မှုများကိုသာ ခံစားရနေခြင်းမဟုတ်ဘဲ မြွေသေများ၏ ခန္ဓာကိုယ်မှ ထွက်လာသော အနံ့အသက် ဆိုးများနှင့် ၎င်းတို့၏ ပါးစပ်မှ ထုတ်လွှတ်သော အဆိပ် ငွေ့များကိုလည်း ခံနိုင်ရည်ရှိအောင် ကြိုးစားနေကြရပါ သေးသည်။

ထိုလူများမှာ အတတ်နိုင်ဆုံး ခုခံတိုက်ခိုက်ခဲ့ကြသော် လည်း အပြင်းအထန် ဒဏ်ရာရရှိကုန်ကြသည်။

“လူလဲဟေ့ . . .”

ရှောင်မူဖေ့မှ လှမ်းအော်လိုက်၏။

ထိုသို့ မလုပ်ပါက မြွေများကို ဟန့်တားနိုင်ခြင်း မရှိ တော့ဘဲ မကြာခင် အားလုံး သေဆုံးကြရပေလိမ့်မည်။

မြွေများကို ခုခံတိုက်ခိုက်ပေးနေသည့် ဂိုဏ်းသားအ ယောက်သုံးဆယ်သည် ရှောင်မူဖေ့၏ စကားကို ကြား လိုက်ရသောအခါ ကောင်းချီ ပေးသလိုပင် ခံစားလိုက်ရပြီး စိတ်သက်သာရာပင် ရသွားကြသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now