Chapter (761)"လွတ်မြောက်ဖို့ရာ မဖြစ်နိုင်"

176 16 0
                                    

Chapter (761) (စာစဉ် ၅၅- အပိုင်း ၃)

“လွတ်မြောက်ဖို့ရာ မဖြစ်နိုင်”

(သဘာဝသိမ်မွေ့ခန္ဓာကိုယ်နဲ့ နှစ်တစ်သောင်း ကျင့်ကြံ မှုက သူ့ဆီမှာ နှစ်ခုလုံး ရှိနေပြီ။ သူက သာမန် ပါရမီပါ တယ်ဆိုတဲ့ လူငယ်တစ်ယောက်ထက်ကို ပိုနေပြီ။ သူက  ကောင်းကင်ဘုံကိုတောင် ဆန့်ကျင် တိုက်ခိုက်နိုင်မယ့် အစွမ်းထက် နတ်ဆိုးတစ်ပါး ဖြစ်လာနိုင်တယ်။ သူကသာ ငါတို့ရဲ့ လူဆိုရင် . . .)

အတွေးနယ်ချဲ့နေသော ရှောင်မူဖေ့၏ မျက်လုံးများမှာ အရောင်တဝင်းဝင်းဖြင့် ရှိနေသည်။

(ဒီလိုသာဆိုလို့ကတော့ ငါတို့ တခြားဂိုဏ်းကြီး ခြောက်ဂိုဏ်းလုံးကို အပြည့်အဝ ဖိနှိပ်နိုင်ရုံမကဘူး ပုဂ္ဂိုလ် တစ်ဦး၊ သူတော်စင်ခန်းမနှစ်ခု၊ နန်းတော်သုံးခုထက်ကို ပိုပြီး အင်အားတောင့်တင်းသွားလိမ့်မယ်။ ချင်းရန်နယ် ပယ်ကြီး တစ်ခုလုံးကိုတောင် အုပ်စိုးနိုင်တဲ့ အုပ်စိုးသူ ဖြစ် လာနိုင်တယ် . . .)

(ဒါက တကယ် ဖြစ်နိုင်တာပဲ။ ငါတို့ လုပ်ရမှာက တစ်ခုပဲ ရှိတယ်။ ရဲခွန်ရှောင်ကို ငါတို့ လူဖြစ်အောင်နဲ့ သူရဲ့ ကျင့်ကြံမှုတွေ တိုးတက်လာအောင် ထောက်ပံ့ပေးဖို့ပဲ။ သူ့အတွက် လိုအပ်တာက အခွင့်အရေးတစ်ခုပဲ။ အချိန်ပဲ လိုတယ်လို့လည်း ပြောလို့ရတယ်။ သူက အံ့ဩစရာ ကောင်းပြီး လိမ္မာပါးနပ်တယ်။ သူသာ ကျင့်ကြံမှုအပေါ်မှာ အာရုံစိုက်နိုင်ရင် နှစ်ရာဂဏန်းလောက် ကျင့်ကြံလိုက်ရုံနဲ့ ကမ္ဘာမှာအစွမ်းထက်ဆုံး ပညာရှင်တွေထဲက တစ်ယောက် ဖြစ်လာမှာ သေချာတယ်။ အစွမ်းထက်ဆုံးတောင် ဖြစ်လာ နိုင်သေးတယ်။ ဒါက အိမ်မက်တစ်ခု မဟုတ်ဘူးပဲ . . .)

တစိမ့်စိမ်တွေးလေလေ ရှောင်မူဖေ့၏ မျက်နှာလုံးများ မှာ အရောင်တောက်လေလေပင် ဖြစ်နေသည်။

(ဒီလိုဆိုမှတော့ ဒီမှာရှိတဲ့ ငါ့လူတွေ အကုန်လုံးကို စတေးပစ်ရမယ်ဆိုရင်တောင်၊ နောက်ဆုံး ငါ့အသက်ကို စတေးရမယ်ဆိုရင်တောင် ငါသူ့ကို ကာကွယ်ပေးရတော့မှာ ပဲ . . .)

ရှောင်မူဖေ့မှာ မီးပုံဘေးတွင် ထိုင်နေရင်း အတွေးနယ် ချဲ့နေရင်းဖြင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိ၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now