Chapter 46

1.8K 281 14
                                    

Unicode;

ဝတ်စုံ

ကျန့်ချီ တနင်္ဂနွေ မနက်ခင်းမှာ‌ေတာ့ ကျိဟွိုင်စစ် ကအရင်အခေါက်ကလိုပဲ အစောကြီး သွားမယ်လို့ ထင်ခဲ့မိပါတယ်။

ကျောင်းတံခါးမှာ ရပ်ထားတဲ့ ကားရဲ့ ယာဉ်မောင်းက သူ့ကို အချိန်မီ တံခါးဖွင့်ပေးလာတယ်။ နောက်ထိုင်ခုံမှာထိုင်နေတဲ့ ကျိဟွိုင်စစ်က သူ့ပေါင်ပေါ်မှာ စာအုပ်တစ်အုပ်နဲ့ ပုံမှန်အဝတ်အစားကိုပဲ ဝတ်ထားပါတယ်။ ကျန့်ချီ ရဲ့လှုပ်ရှားသံကို သူကြားလိုက်တဲ့အခါမှာတော့ သူရဲ့ မျက်လုံးများကို မော့လာပြီး အနည်းငယ် ပြုံးပြလာတယ်။

"မင်္ဂလာနံနက်ခင်းပါ ကျန့်ချီ"

ကျန့်ချီ အကြောင်းပြချက္‌မရှိဘဲနဲ့ အနည်းငယ် စိတ်လှုပ်ရှားမိသွားတယ်။ သူ ကားထဲကို ငုံ့ဝင်လိုက်ပြီး နောက်ခုံမှာ ဝင်ထိုင်လိုက်ကာ “မင်္ဂလာနံနက်ခင်းပါ” လို့ ပြန်ဖြေလိုက်တယ်။

"မနက်စာစားပြီးပြီလား" ကျိဟိွုင်စစ်က သူ့လက်ထဲက စာအုပ်ကိုပိတ်လိုက်ပြီး "ကားထဲမှာ စားစရာနည်းနည်းရှိတယ်။ မနက်စာစားဖို့ အချိန်မရှိခဲ့လို့ မင်းကိုယ်နဲ့အတူစားချင်လား"

ကျန့်ချီ အစက မနက်စာကို ကြိုဝယ်ချင်ပေမယ့် စောစောသွားတော့ ကော်ဖီဆိုင်က မဖွင့်သေးတာကြောင့် ကျိဟွိုင်စစ် ရဲ့ စကားကိုကြားတော့ ခေါင်းညိတ်ပြလိုက်တယ်။ ကျိဟွိုင်စစ်က ကားထဲရှိ ခလုတ်ကို နှိပ်လိုက်ပြီး အလယ်မှာရှိ‌ေနတဲ့ ကားရေခဲသေတ္တာ ကအလိုလို ပွင့်သွားတယ်
။ အထဲမှာတော့ နို့နှင့် ကိတ်မုန့် အနည်းငယ်ရှိနေပါတယ်။ ကျန့်ချီ မကြာခဏ TV ထဲတွင် အဲ့လို့နေရာ၌ ဝိုင်ပုလင်းများထည့်ထားတဲ့ မြင်ကွင်း‌ေတွကို မြင်ဖူးခဲပါတယ်။ ဒါပေမယ့် အခုတော့ နွားနို့ပုလင်းတွေထည့်ထားကိုမြင်နေရပါတယ်။ သူအထင်ကတော့  ဝိုင်ပုလင်း‌ေတွထက် ဒါက ပိုသင့်လျော်ထင်မိတယ်။

ကားက အရမ်းမိုက်တယ်။ နောက်ခံုမှာထိုင်နေတဲ့ ကျန့်ချီ က ကိတ်မုန့်တစ်ဇွန်းကို ခပ်ယူလိုက်ပြီး စားလိုက်တယ်။ အခု သူထိုင်နေတဲ့ ခုံဟာ သာမန်ကားက ခုံတွေလိုမဟုတ်ဘဲ လုံးဝတာယာရွေ့လျားမှုမခံစားရပေ။ သူ ဒီကိုရောက်တုန်းကလို တောအုပ်တွေကို ကြည့်လိုက်တော့ အကိုင်းအခက် အရွက်တွေဟာ  မစိမ်းလန်းတော့ပါဘူး။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now