Chapter 66

1.5K 236 20
                                    

Unicode;

တွေ့ဆုံမှုအခွင့်အလမ်း

ကျိဟွိုင်စစ် နဲ့ သူနောက်ဆုံးပြောခဲ့တာက အားလပ်ရက်ရဲ့ ပထမဆုံးနေ့ဖြစ်ကြောင်း သတိရမိပေမယ့် သူ့စိတ်ထဲမှာတော့ မနေ့က ဖြစ်ပျက်သွားပုံလိုပါပဲ။

ကျန့်ချီ ကျိဟွိုင်စစ်ဆီ အချိန်မီ ပြန်မပေးရသေးတဲ့ ဝတ်စုံကို သတိရမိသွားပြီး ဒီချိန်းဆိုမှုက အဲ့ဒါအတွက်ကြောင့်လား ဒါမှမဟုတ်  အခြားတစ်ခု‌ေကြာင့်လားဆိုတာကို သူမပြောနိုင်သဖြင့် "Ok" ဟုသားစာရိုက်လိုက်ပြီး  ပြန်ဖြေလိုက်တယ်။

ရက်အနည်းငယ်ကြာပြီးနောက် ကျန့်ချီ အခြောက်ခံသန့်စင်ဆိုင်သို့ ဒုတိယအကြိမ်သွားခဲ့သည်။ ဆိုင်အပြင်ဘက်မှာ‌ေတာ့ ထိခိုက်ပျက်စီးမှု လက္ခဏာတွေ မတွေ့ရ ‌ေတာ့ပါဘူး။ အစမှအဆုံးထိ ပြုပြင်မွမ်းမံခဲ့ပြီး အချိန်အကြာကြီးမဆွဲထားရသေးသော ဆိုင်းဘုတ်ကိုလည်း ပို၍ခမ်းနားသောပုံစံဖြင့် အစားထိုးခဲ့သည်။ ကျန့်ချီ ဒါဟာ ရှောက်ဟန်ရဲ့ အကြံအစည် ဟုတ်မဟုတ် မသိသော်လည်း သူ မမေးခဲ့ပေ။ တကယ်တော့ ဒါက ရှောက်ဟန် အတွက်တော့ ကြွားလုံးထုတ်ဖို့ အခွင့်အရေးတစ်ခုပဲလေ။

ကျန့်ချန်းချောင် က ဘာမှ မပြောပေမယ့် သူ့စိတ်တွေက သိသိသာသာ ကောင်းလာပံုရတယ်။ သူက ဝိုင်ဝယ်ခဲ့ပြီး ဟင်းပွဲ စားပွဲကြီးကို ပြင်ဆင်ကာ သူ့ဘာသာသူလည်း ပေါက်ကရစကားတွေ ပြောဆိုခဲ့ပါ‌ေသးတယ်။ ရှောင်ဟန့်အပေါ် သူ့သဘောထားကို သုံးသပ်ကြည့်ရင်တော့ သူဘယ်လိုဖြစ်သွားမှန်းကို မသိသလို ပြဿနာဖြေရှင်းချက်က ရှောက်ဟန်နဲ့ သက်ဆိုင်လားဆိုတာလည်း သူမသိဘူး။ တစ်ခါတစ်ရံ သူ့ရဲ့ဘနှေးကွေးမှုပမာဏက မှန်ကန်ပြီးကောင်းမွန်တဲ့အရာဖြစ်တယ်လို့ ထင်မိတယ်။

ရှောက်ဟန်တစ်ယောက် သူ့အိမ်မှာပဲ တစ်ပတ်ကြာအောင် အရှက်မဲ့စွာ ဆက်လက်နေထိုင်ခဲ့သည်။ ကျန့်ချီ မျက်လုံးကို တစ်ဖက်ဖွင့်ပြီး နောက်တစ်ဖက်ကို ပိတ်ထားရံုပဲရှိ‌ေတာ့တယ်။ သူ ညဘက်ကိုအိပ်မောကျစွာ အိပ်ပျော်သွားတာနဲ့ သူ့ဘေးနားရှိ မွေ့ယာကလည်း ရုတ်တရက် တစ်ဝက်ခန့် နစ်ဝင်သွားသည်။ သူနိုးလာတော့ သူ့ခါးတစ်ဝိုက်ကို ထုံကျင်နေအောင် ဖတ်ထားတဲ့ လက်တစ်ဖက်ကို ကျန့်ချီ ဖယ်ထုတ်ပစ်မိတယ်။ ဒါပေမယ့် ရှောက်ဟန်က ရည်ရွယ်ချက်ရှိရှိနဲ့ သူ့ကို တမင်တကာ ပွေ့ဖက်ထားသည်။ သူ့ရဲ့ရင်ဘတ်က သူ့ကျောနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး သူ့ခန္ဓာကိုယ်ကလည်း သဘာဝမီးပြင်းဖိုတစ်ခုလို ဖြစ်လို့‌ေနတယ်။ သူကသူ့ခေါင်းကို ကျန့်ချီရဲ့ ပခုံးကြားကို မြှုပ်ထားပြီး မသိစိတ်ဖြင့် ပွတ်သပ်လို့နေတယ်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now