Chapter 73

1.2K 245 41
                                    

Unicode;

အနှောင့်အယှက်

နှစ်စက္ကန့်လောက် တုံ့ဆိုင်းသွားပြီးနောက် ကျန့်ချီ ရှောက်ဟန် ကို တွန်းထုတ်ချင်တဲ့ သူ့လက်ကို ချလိုက်တယ်။ အနည်းငယ် တောင့်တင်း‌‌ေနပြီး သူ့လက်က လေထဲတွင် ချီတုံချတုံနဲ့ တန်းလန်ဖြစ်လို့နေသည်။

"မင်းမူးနေပြီ"

"မဟုတ်ဘူး" ရှောက်ဟန်က သူ့နားကိုကပ်ကာ ဝင်သက်ထွက်သက်ကိုရှုရှုိက်ပြီး ပြောလာခဲ့သည်။

ကျန့်ချီ သူ့အဖြေကို ရည်ညွှန်းတာမဟုတ်တာကိုသိပေမဲ့ သူ့စိတ်ထဲမှာလည်း အပြုသဘောဆောင်တဲ့ အဖြေတစ်ခု ရှိနေပြီးသားပါ။ သူ့လက်ကို နှိမ့်လိုက်ပြီး ကျောကို ပွတ်သပ်လိုက်ရင်း "မင်းမှာ တစ်ခုခုရှိရင် ထိုင်ပြီး ပြောလို့ရတယ်‌ေလ။ အခုတော့ ငါ့ကို အရင်လွှတ်ပေးဦး"

ခါတိုင်းဆို ရှောက်ဟန်က အလွန်ခက်ခဲ‌ေနတဲ့သူဖြစ်ပြီး အခု သူမူး‌ေနတဲ့အခါဆိုရင်‌ ပိုဆိုးသင့်သည်။ ဒါပေမယ့် ကျန့်ချီ မထင်မှတ်ထားတဲ့အရာကတော့ ရှောက်ဟန်က ခဏတာ နှုတ်ဆိတ်နေပြီး သူ့လက်ကို တကယ်လွှတ်လိုက်တာပါပဲ။ သူ့ရဲ့ရုတ်တရက် နာခံမှုကြောင့် ကျန့်ချီ ခေတ္တမျှ ထိတ်လန့်သွားခဲ့သည်။ သူမူးနေတာက မကောင်းတာလည်း မဟုတ်ဘူးလို့ထင်မိတယ်။

"မနက်က ကျောင်းသားသစ်ကြိုဆိုပွဲ အခမ်းနားကို သွား‌ေသးလား"

ရှောက်ဟန် က သူ့ဆံပင်တွေကို ပွတ်သပ်လိုက်ပြီး "မသွားဘူး" ဆိုတဲ့ စကားတစ်ခွန်းကို ပြောလာသည်။

ကျန့်ချီ သူ သိပ်တော့လည်း မအံ့သြသွားပါဘူး။ ရှောက်ဟန်သာသွားခဲ့ရင် နံနက်ပိုင်း အခမ်းအနားက ဤမျှ ငြိမ်းချမ်းစွာ ပြီးဆုံးမည် မဟုတ်‌ေလာက်‌ေပ။ သူထပ်ပြီးမေးလိုက်တယ် "ဘာလို့ မသွားတာလဲ"

"ကိုယ် သည်းမခံနိုင်တော့မှာကို ကြောက်တယ်" ရှောက်ဟန်က ကျန့်ချီရဲ့ မျက်လုံး‌ေတွကို ကြည့်ကာ အရက်ငွေ့‌ေရာ‌ေနှာ‌ေနတဲ့ လေထုကို ရှူရှိုက်လိုက်ရင်း "ပြီးခဲ့သော အခါကလို လှုပ်ရှားလိုက်မှာစိုးလို့"

ဤအဖြေက အဆုံးအစမရှိသော်လည်း ကျန်းရန် က ရှောက်ဟန်ဟာ သူ့မိသားစုနှင့် ဆက်ဆံရေးမကောင်းကြောင်း သေချာ‌ေပါက်‌ေပြာ‌ေနတာ အံဩစရာတော့မရှိတော့ပါဘူး။ဒီတုံ့ပြန်မှုက တစ်ကျောင်းလုံးနားလည်စေဖို့ လုံလောက်ပါတယ်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now