Chapter 64

1.4K 246 39
                                    

Unicode;

စုံစမ်းခြင်း

သားရေဖိနပ်က အသံမထွက်ဘဲ ပျော့ပျောင်းတဲ့ ကော်ဇောပေါ် နင်း‌ေလျှာက်လာပြီးတံခါးက အပြင်ကနေ တွန်းဖွင့်ခံလိုက်ရသည်။  ပိုင်ရှုယွင်ဆီက အားနည်းတဲ့ တုံ့ပြန်မှုမရမချင်း သူ သူရဲ့အနောက်မှာ ပိုင်ယင်းနျန် ရှိနေတာကို သူသဘောပေါက်သွားတယ်။

ကျန့်ချီ မတ်တပ်ထရပ်လိုက်တယ်။ အကြာကြီးထိုင်ခဲ့ပြီးတဲ့နောက် ခြေထောက်တွေက ထုံကျင်နေကာ သူအသံကျယ်ကျယ်နဲ့ ပြောလိုက်တယ် "သူ ဒီအခြေအနေမှာ တစ်ချိန်လုံးရှိနေခဲ့တာ။ သူ့အသိစိတ်က အရမ်းရှုပ်ထွေးနေပေမယ့် ကံကောင်းထောက်မစွာနဲ့ လုံးလုံးလျားလျားတော့ မူးလဲမသွားခဲ့ဘူး"

သူစကားမဆုံးခင်မှာဘဲ အနက်ရောင်ဝတ်လူနှစ်ယောက်ဟာ ထမ်းစင်ကိုထမ်းပြီး ဝင်လာကာ ပိုင်ရှုယွင်ကို အဲ့ပေါ်သို့ သယ်ဆောင်သွားခဲ့တယ်။ သူတို့ရဲ့လှုပ်ရှားမှုတွေက  ကောင်းကောင်းလေ့ကျင့်ထားတဲ့ စက်တစ်လုံးလိုမျိုး ကျွမ်းကျင်နေသည်။ ပိုင်ယင်းနျန်ရဲ့ မျက်လုံးတွေက ပိုင်ရှုယွင် ဆီသို့ ဦးစွာ လှည့်သွားပြီးနောက် သူ့ရဲ့ ဒေါသများဟာ တည်ငြိမ်သွားပြီး နက်မှောင်နေတဲ့ မျက်လုံး‌များထဲသို့ နစ်မြုပ်သွားခဲ့သည်။ ပိုင်ရှုယွင်ကို အခန်းထဲက ခေါ်ထုတ်သွားပြီးတဲ့အခါမှာ‌ေတာ့ သူက ကျန့်ချီ ဆီကို လှည့်ပြီး "ရှောင်ယွင် နှလုံးဖောက်တာက ဘယ်လိုဖြစ်ရတာလဲ?"

မတ်တပ်ရပ်ပြီးနောက် ကျန့်ချီ သိလိုက်ရတာက သူ့ရှေ့ရှိ ဒီလူဟာ မဂ္ဂဇင်းတစ်‌ေစာင်မှခုန်ထွက်လာတဲ့ မော်ဒယ်တစ်ယောက်လို အရပ်ရှည်လွန်းကြောင်းကိုပင်။ ဘာခံစားချက် မပါတဲ့ ဒီမေးခွန်းကိုကြားလိုက်ရတော့ ကျန့်ချီရဲ့နှလုံးက အေးခဲသွားပြီး “ကျွန်တော်လည်း မသိဘူး။ သူ ရုတ်တရက် တုန်လှုပ်သွားပြီး ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့တာ။ ဖြစ်နိုင်တာက သူ စကားစမြည်ပြောရင်း နှိုးဆွခံရတာ‌ေနမယ်”

"မင်းတို့ဘာတွေပြောခဲ့လို့လဲ"

"သူနိုးလာတဲ့အခါကြ ပိုင်ရှုယွင်ကို ခင်ဗျား မေးကြည့်လို့ရတယ် " ကျန့်ချီ သူ့နဖူးကိုကိုင်လိုက်ပြီး ပပိုင်ယင်းနျန်ရဲ့ အားပြင်းတဲ့အကြည့်တွေကို ရှောင်လိုက်ကာ"စောစောက ကျွန်တော် နည်းနည်းကြောက်နေ‌ေတာ့ ရှင်းရှင်းလင်းလင်းမမှတ်မိတော့ဘူး ။ ဆိုတော့ အခု ကျွန်တော် အရင်ပြန်သွားလို့ရမလား"

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now