Chapter 78

1.2K 259 40
                                    

Unicode;

   ညှို့ဓာတ်

ကျိဟွိုင်စစ်က ဘာကြောင့် ဒီရွေးချယ်မှုကို အဆိုပြုခဲ့တာလဲဆိုတာကို ကျန့်ချီ မေးခွန်းထုတ်ခဲ့ဖူးပါတယ်။

သူ အလယ်တန်းကျောင်းတုန်းက ဆရာက  သူ့စရိုက်က သူ့နာမည်လိုပဲ ပျင်းစရာကောင်းပြီးနှေးကွေးတယ်လို့ မှတ်ချက်ပေးခဲ့ဖူးတယ်။ သူဟာသင်ယူမှု အားနည်းတယ်လို့လည်း  တစ်စုံတစ်ယောက်က သူ့နောက်ကွယ်မှာ ပြောနေတာကိုကြားခဲ့ရပါ‌ေသးတယ်။ ကျန့်ချီက အဲ့ဒီစကားကို တစ်ဝက်တော့ သဘောတူပြီး တစ်ဝက်ကို သဘောမတူပါဘူး။ သူက အခြားသူ‌ေတွထက်တော့ မ ‌‌ေလျှာ့ဘဲ  တခါတရံမှာ အလွန်ပင် တွေးတောတတ်တဲ့စိတ်ရှိသည်။ သူ့ရဲ့ဘာသာစကားစနစ်က သူ့စိတ်ထဲမှာရှိတဲ့ အကြောင်းအရာ‌ေတွကို စကားလုံး‌ေတွအဖြစ်သို့ ကောင်းစွာမပြောင်းလဲနိုင်ခဲ့တာကြောင့် မကြာခဏဆိုသလို သွက်လက်စွာဖြေဆိုနိုင်မှုဆိုတာ မရှိခဲ့ဘူး။တဖြည်းဖြည်းနှင့် အခြားသူ‌ေတွအမြင်မှာ သူဟာ 'နှေးကွေးတယ်'ဆိုပြီး အဓိပ္ပါယ်ဖြစ်လာသည်။

ကျန့်ချီရဲ့ ထင်မြင်ယူဆချက်က ‌ေတာ့ ဒီလိုမျိုးရည်ရွယ်ချက်မရှိတဲ့ အကဲဖြတ်မှုမျိုးက သူ့တစ်ကိုယ်လုံးကို ထင်သလို ဖုံးကွယ်ထားလို့မရပေ။ သူ မကျွမ်းကျင်တဲ့ နယ်ပယ်မှာဆိုရင်‌ေတာ့ ကျန့်ချီက သူ့ရွေးချယ်မှုမှာ ပိုသတိရှိလိမ့်မယ်။ သူက ဓာတုဗေဒ ဘာသာရပ်ပေါင်းစုံ မေးခွန်း‌ေတွကို သေ‌‌ေသချာချာ ဖြည့်စွက်နိုင်တယ်။ ဒါ‌ေပမယ့် စီးပွားရေး အစီရင်ခံစာကို အပြီးသတ်ရေးသားဖို့ကိုတော့ ပရော်ဖက်ရှင်နယ် စာအုပ်‌ေတွကို ဖတ်ရှုလေ့လာရတာပဲဖြစ်သည်။သူ့ရဲ့ စိတ်ခံစားမှုမှာဆိုလည်း အတူတူပင်ဖြစ်သည်။ သူ့မှာ 'အချစ်' ဆိုတဲ့ ဆက်ဆံရေးကို မခွဲခြားနိုင်ခဲ့ပေ။ သူလုပ်ရမှာက အဲ့တာက ဘာကိုဆိုလိုတာလဲဆိုတာကို သတိထားပြီး အထောက်အထားကို ရှာဖွေရန်ပဲဖြစ်တယ်။သာမာန်သူငယ်ချင်းတွေက ကျိဟွိုင်စစ် လောက်  သူ့ကိုစိတ်ပူမှာမဟုတ်သလို့ သူ့ကို ဦးစားပေးမှာ မဟုတ်ဘူးဆိုတာ သူသိတယ်။

ကျိဟွိုင်စစ်က သူ့အပေါ် အနည်းငယ်ကောင်းလွန်းနေသည်ပင်။

အတိတ်က အခိုက်အတန့်အားလုံးကို စိတ်ထဲမှာ သိမ်းဆည်းထားခဲ့တယ်။ဒါပေမယ့် ဘာမှမရှိတဲ့ အတွေ့အကြုံက သူ့ကို ခိုင်မာတဲ့ ကောက်ချက်ကိုမချနိုင်ဘဲနဲ့ မဝံ့မရဲ ဖြစ်စေခဲ့ပါတယ်။ သူက ပြင်ပလူတစ်ဦးရဲ့ အနေအထားမှာ ရပ်တည်ဖို့ ကြိုးစားနေခဲ့တာဖြစ်တယ်။ အထူးသဖြင့် ဇာတ်လမ်းထဲက လူတွေနဲ့ ဝေးလေလေ ပိုကောင်းလေပါပဲ။ ကျိဟွိုင်စစ်က သူ့ထံသို့ သူ့ရဲ့လက်‌ေတွကို အထပ်ထပ် ဖြန့်ခဲ့ပြီး သူ့ရဲ့ နယ်နိမိတ်မျဉ်း‌ေတွကို မှုန်ဝါးစေခဲ့သည်။ ကျန့်ချီ ဒါကဇာတ်လမ်းနဲ့ ခိုင်မြဲစွာ ဆက်စပ်နေကြောင်းကို သိရှိသွားတာက အချိန်အတော်ကြာသွားသည့်အထိပင်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now