Chapter 49

1.5K 248 5
                                    

Unicode;

ပြစ်တင်ရှုတ်ချခြင်း

သီချင်းက ဆက်သွားပေမယ့် ကျန့်ချီ စက္ကန့်အနည်းငယ်လောက် နားမကြားလိုက်သလို ခံစားရတယ်။

သူ နှုတ်ခမ်းကို ဖွင့်လိုက်ပြီး သူတစ်ခုခုပြောချင်ပေမယ့် အဆုံးမဲ့ ခုန်နေတဒ့ နှလုံးခုန်သံအဖြစ် ပြောင်းလဲသွားသည်။ သူ့နောက်ကျောမှာ ဒေါသနဲ့ အံ့ ဩ မှုတွေ ရောထွေးနေတာကို ခံစားရတယ်။ သူ့ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေ အားလုံးက သူ့နာမည်နဲ့ ရောထွေးနေပုံရတယ်၊ အဲဒါက ထင်ယောင်ထင်မှားဖြစ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်...။

ကျန့်ချီ ခဏလောက် မစဉ်းစားနိုင်တော့ပေ။

" ရှောက်ဟန် "

ကျိဟွိုင်စစ်ရဲ့ အေးဆေးတည်ငြိမ်တဲ့ အပြုံးကို ပန်ဆင်ထားဆဲပင်ဖြစ်ပြီး သူ့ရဲ့ လေသံကလည်း နွေဦးရာသီရဲ့ မိုးဖွဲဖွဲလေးသို့ ပြောင်းလဲသွားကာ အေးစက်သတဲ့ လေအေးများနှင့် နူးညံ့သိမ်မွေ့မှုတို့က သိသိသာသာ နက်ရှိုင်းလာကာ "ဒီဟာသကို နောက်တစ်ကြိမ် ထပ်မလုပ်နဲ့‌ေတာ့၊ ဒါက ကျန့်ချီ ကို ဒုက္ခ ‌ေရာက်‌ေစလိမ့်မယ်။ ကျောင်းအကတွေရှိတယ်၊ ကျောင်းနှစ်ကျောင်းကလူတွေက ဒီကိုရောက်နေတာ၊ ​​‌ေစ‌ာ စောက ဖြစ်ခဲ့တဲ့ ရန်ဖြစ်မှုတချို့ကို အမြဲတမ်းကော်မတီဝင် ရှောက် ဆီကို မပို့‌ေစချင်ဘူးမလား"

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား"

“မဟုတ်ဘူး၊ မင်းဒေါသကို ထိန်းနိုင်မယ်လို့ ငါမျှော်လင့်တာ။ မင်းကျောင်းကိုမ၀င်ခင် အမြဲတမ်းကော်မတီဝင် ရှောက် က ငါနဲ့စကားပြောခဲ့တယ်။ သူ့မျက်နှာကို ဂရုမစိုက်ဘဲ မင်းကို ကျောင်းမှာ စည်းကမ်းတကျ ထားခိုင်းခဲ့တယ်”

ရှောက်ဟန် မျက်လုံးတွေကို မှေးလိုက်ပြီးအန္တရာယ်ရှိတဲ့ ရောင်ဝါကလည်း ပိုအားကောင်းပြီး ပြင်းထန်လာသည်နှင့်အမျှ ဖိနှိပ်ခံထားရတဲ့ ကျောင်းသားအချို့ပင် ဘေးဘက်သို့ လူကျဲသွားကာ အပျော်ပွဲ ကြည့်နေတဲ့ ကျောင်းသားအချို့ပင် မထွက်ရဲကြပေ။ ကျန့်ချီ ကျိဟွိုင်စစ်ရဲ့ နောက်ဆုံးစကား‌ေတွကို ဖြည်းညှင်းစွာနားထောင်‌ေနပြီး ရှောက်ဟန်က ကျိဟွိုင်စစ် ကို ဘာလို့ အလွန်မုန်းတီး‌ေနတာလဲဆိုတာကို နားလည်သွားတယ်။ အဲ့ဒါကြောင့် သူက ကျောင်းသားသမဂ္ဂရဲ့ အမိန့်ကို နာခံနေတာကို။ ရှောက်ဟန်က ပိုကြောက်စရာကောင်းတဲ့ တစ်ခုခုကို ပြောခါနီးမှာ လှည့်ပတ်နေတဲ့ စက်လှေကားဆီကနေ နွေးထွေးတဲ့ အော်သံတစ်က ခုထွက်ပေါ်လာတယ်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now