Chapter -81

1.6K 247 24
                                    

Unicode;

သစ္စာမဖောက်နဲ့

Saintston ရဲ့စီနီယာနှစ်က သာမန်လူ‌ေတွနားလည်သည့် နောက်ဆုံး 'တာတိုအ ‌ေပြးပြိုင်ပွဲ' ထက် ဒါကဘွဲ့ရခါနီးတဲ့ နောက်ဆုံးပွဲတော်နဲ့ပင် ပိုတူလို့‌ေနတာဖြစ်သည်။ ‌သူတို့က သုံးနှစ်ကြာ ပျော်ပါးနေခဲ့ကြတယ်။ဒါပေမယ့်လည်း ဒီအလေ့အထကို  သူတို့က နောက်ဆုံးနှစ်ထိတိုင်အောင် ဆက်လက်ထားရှိ‌ေနဆဲပဲဖြစ်တယ်ဆိုတာကို ကျန်းရန်ရဲ့ ပါးစပ်ကနေ သိရှိနိုင်သည်။

ကျောင်းသားအများစုက အတူတူရှိတဲ့အခါကြရင် အပျော်လွန်ကြသော်လည်း စာသင်ခန်းရှိ အခြားသူ‌ေတွကိုတော့ ဘယ်တော့မှ မနှောင့်ယှက်ကြပေ။ ကျန့်ချီ၊ ဝိန်ချွမ်နဲ့ ကျန်းရန်တို့အုပ်စုက  စာလေ့လာရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အားလပ်ချိန်တိုင်း စာသင်ခန်းသို့ သွားပြီး မေးခွန်း‌ေတွရေးကာ တစ်ယောက်ရဲ့ အားသာချက်ကို တစ်ယောက်က သင်ယူကြသည်။

ကျန့်ချီရဲ့ ရည်ရွယ်ချက်ကတော့ Boros တက္ကသိုလ်က ဥပဒေဌာနကို တက်ရောက်ဖို့ပဲ ဖြစ်သည်။ အဲ့တာကို တက်ဖို့ဆိုရင်တော့ ကျောင်းက HSST ရမှတ်ဟာ 98မှတ်ဖြစ်ရမယ်ဖြစ်ပြီး ဒါက လိုအပ်ဖို့ခက်ခဲတဲ့ ကိန်းဂဏန်းတစ်ခုပဲဖြစ်တယ်။ ဆိုလိုတာက သူက ထိပ်ဆုံး 2%မှာ ရမှတ်ကောင်းကောင်းရဖို့ လိုအပ်သည်။ ဝိန်ချွမ်ရဲ့အကြံက ပိုပြီးရိုးရှင်းပါတယ်။ ငွေရေးကြေးရေးက သူ့ရဲ့ပထမဆုံးရွေးချယ်မှုဖြစ်ပြီး သူမှာငွေရှာဖို့ အကြောင်းပြချက်တစ်ခုသာရှိသည်။ ကျန်းရန်ကတော့ ပြတ်ပြတ်သားသားပါပဲ သူမှာ ပန်းတိုင်မရှိသလို သူက "သိပ်မဆိုးသရွေ့" လို့ မကြာခဏပြောလေ့ရှိပေမယ့် သူတို့နှစ်ဦးရဲ့ ဦးဆောင်မှုအောက်မှာတော့ သူဟာ အပြေးကလပ်အရေအတွက်ကို တဖြည်းဖြည်းလျှော့ချပြီး စာအုပ်တွေလိုက်ဖတ်နေခဲ့ပါတယ်။ မတူညီတဲ့ပန်းတိုင်တွေက လက်ရှိအချိန်တွင် တူညီသောကြိုးစားအားထုတ်မှုကို မတားဆီးနိုင်ခဲ့ပါ။

ဒါပေမယ့် အချိန်တိုင်းတော့ တူညီတဲ့အခွင့်အလမ်းကိုတော့ မရနိုင်‌ေပ။ ဥပမာအ ‌ေနနဲ့ အခုအချိန်မှာ ကျန်းရန်က  စာပေသင်တန်းမှာရှိနေဆဲဖြစ်ပြီး စာသင်ခန်းထဲမှာတော့ ကျန့်ချီနဲ့ ဝိန်ချွမ်သာ ရှိနေခဲ့သည်။ ကျန့်ချီရဲ့ ထင်မြင်ချက်အရ ဝိန်ချွမ်က ကျန်းရန် ထက် များစွာစိုးရိမ်မှုကင်းကာ အကြောင်းအရာကို ထပ်ခါတလဲလဲရှင်းပြဖို့ လိုအပ်သောကြောင့် သူ့ဘာသာသူ သင်ယူဖို့အတွက် အချိန်ပိုပေးနိုင်သည်။ ကွန်ပြူတာရဲ့ ညာဘက်အောက်ထောင့်ရှိ အချိန်ကို ကြည့်လိုက်တော့ ခေါင်းလောင်းမြည်တော့မည်ဖြစ်သည်။ ကျန့်ချီက  ကျောင်းစာအုပ်ကို ကျွမ်းကျင်စွာ ထုပ်ပိုးလိုက်တယ်။ ဝိန်ချွမ်ရဲ့ အသံက သတိပေးခြင်းမရှိဘဲ ကြားဖြတ်လာသည်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now