Chapter 88

732 139 11
                                    

Unicode;

Chapter 88 ဖွင့်ဟမှု

ကျန့်ချီအတွက်တော့ အိပ်ရေးမဝတဲ့ညဖြစ်ခဲ့သည်။

မအိပ်ခင်မှာ ကျိဟွိုင်စစ်ရဲ့ မိသားစုနောက်ခံ၊ ထူးထူးဆန်းဆန်းကမ္ဘာ၊ ကျိဟွိုင်စစ်နဲ့တွေ့ပြီးကတည်းက ဖြစ်ပျက်ခဲ့သမျှအရာတွေကို တွေးမိခဲ့သည်... နောက်ဆုံးတော့ သူ့စိတ်ထဲမှာ ကျန်နေခဲ့တာက ကျိဟွိုင်စစ်က သူ့ကို ဝန်ခံပြီး သူလည်းလက်ခံလိုက်သည် ။ .

ရိုးရှင်းပါတယ် အငြင်းပွားစရာမရှိဘူး။  ဒါကသူ့ရဲ့ပထမဆုံးအချစ်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။

မနက်စာစားရန် ခေါင်းလောင်းသံကြောင့် ကျန့်ချီ  နိုးလာခဲ့သည်။ ကုတင်ဘေးကအဝတ်အစားတွေကိုယူကာ အိပ်ယာမှထပြီး တံခါးကိုဖွင့်လိုက်သည်။စားပွဲထိုးသည် ထူးထူးခြားခြား ဟင်းပွဲ‌ေတွပြည့်နေတဲ့ စားပွဲကို အခန်းထဲသို့တွန်းထုတ်လိုက်ပြီး ပန်းကန်‌ေတွကို မိတ်ဆက်ပေးပြီးနောက် နောက်ဆုံးစာကြောင်းကို ပြောရန်မမေ့ပေ “ဒါက  မစ္စတာကျိက မင်းအတွက် မှာပေးခဲ့တာပါ"

စကားတစ်ခွန်းက အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေတဲ့ ကျန့်ချီကို ချက်ချင်းနှိုးလိုက်တယ်။ သူက 'ကျေးဇူးတင်ပါတယ်' ဟုပြောပြီး စားပွဲထိုးထွက်သွားပြီးနောက် ကျန့်ချီဘစားပွဲပေါ်ရှိ ပန်းပွင့်‌ေတွပါသည့် ကြွေပန်းအိုးကို ကြည့်ကာ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ သူဖွင့်ထားသည့် ဖုန်းကို ထုတ်လိုက်ပြီး ပထမဆုံးပေါ်လာသော ပေါ်လာတ‌ဲ့ မက်ဆေ့ချ်က ကျိဟွိုင်စစ်ရဲ့ 'မင်္ဂလာနံနက်ခင်းပါ'၊အဲ့နောက် ရင်းနှီးနေတဲ့ ကြယ်ပွင့်များပါတဲ့အပြုံးမျက်နှာဖြင့်'(⁠✯⁠ᴗ⁠✯⁠)'

ကျန့်ချီ က -'မင်္ဂလာနံနက်ခင်းပါ ။မနက်စာ မှာယူ‌ေပးတဲ့အတွက် ကျေးဇူးတင်ပါတယ်'

ကျိဟွိုင်စစ်က မြန်မြန်ပြန်ဖြေလာသည်- အရသာက ဘယ်လိုလဲ၊ ကြိုက်လား။

ဤစာကြောင်းကို မြင်တဲ့အခါမှာတော့ ကျန့်ချီက ပန်းကန်ပြားပေါ်ရှိ ကိတ်မုန့်ရဲ့ တစ်ဝက်ကို ကိုက်လိုက်သည်။ အရသာက ချိုပေမယ့် အဆီမများ‌ေပ။ ခံစားချက်ကိုဖော်ပြဖို့‌ေတာ့ခက်ခဲသည်၊ အလွန်ကောင်းမွန်တဲ့ပါဝင်ပစ္စည်း‌ေတွကိုအသုံးပြုထားပံုရတယ်။ ကျန့်ချီကသူ့လက်တစ်ဖက်နဲ့ စာကို ဖြည်းညှင်းစွာရိုက်လိုက်သည်- အရသာရှိတယ်၊ ခင်ဗျားရောမနက်စာစားပြီးပြီလား။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now