Chapter 67

1.2K 225 5
                                    

Unicode;

အကျပ်ရိုက်ခြင်း

ရှန်ရှူထင်းရဲ့ မျက်လုံးတွေက စူးစူးရဲရဲ ထိုးဖောက်ဝင်ရောက်လာတာမို့ ကျန့်ချီ ဒီမှန်ဟာ တစ်ဖက်မြင်မှန်ဆိုတာကိုတောင် မေ့လျော့သွားခဲ့တယ်။

"အပြင်ထွက်ပြီး နှုတ်ဆက်ချင်လို့လား"

ကျိဟွိုင်စစ်က သူ့ကို မေးနေတာကို သဘောပေါက်တော့ ကျန့်ချီ ခေါင်းခါလိုက်ပြီး "လေလံပွဲက စတော့မှာလေ မဟုတ်ဘူးလား"

"ဟုတ်တယ်။ နောက်မှပြောလို့ရတယ်"

ကျိဟွိုင်စစ် က ပေါ့ပေါ့ပါးပါး ပြုံးပြီး သူ့နေရာသူ ပြန်သွားထိုင်‌ေနသည် ။ ကျန့်ချီ သူ့စိတ်ထဲမှာပင် သက်တောင့်သက်သာမဖြစ်မှုကို မှုတ်ထုတ်ရင်း ဆန့်ကျင်ဘက် ဘောက်စ်ထဲကို ဝင်သွားတဲ့ ရှန်းရှူထင်းရဲ့  နောက်ကျောကို လှမ်းကြည့်လိုက်သည်။ အမြင်ကနေထွက်သွားလိုက်သည်နှင့်ပင်  သူ့စိတ်က တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။

"များသောအားဖြင့် သူက ဒီလို လူစည်ကားတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ရတာကို မကြိုက်ဘူးလေ"ကျိဟွိုင်စစ်က လေလံပစ်သည့်ပစ္စည်းများပါသည့်စာ‌ေစာင်ကိုဖွင့်ကာ စာမျက်နှာအနည်းငယ်ကြည့်ပြီး‌ေနာက် အဖြေကိုမြင်သွားကာ နှုတ်ခမ်းဟလိုက်ပြီး “ဒီ‌ေန့ ယွမ်လန် ရှိနေတာ။ သူစိတ်ဝင်စားတာ အံ့သြစရာ‌ေတာ့မရှိ‌ဘူး ”

အဲ့တာက သစ်ခွမျိုးကွဲများထဲမှ အမျိုးအစားတစ်ခုပါပဲ။ ကျန့်ချီ နှစ်သစ်ကူးအကြိုနေ့တုန်းက ဉယျာဉ်ထဲရှိ ကံမကောင်းတဲ့အတွေ့အကြုံကို မတတ်နိုင်ဘဲ ပြန်အမှတ်ရမိသွားတယ်။ သူက စားပွဲပေါ်ရှိ လက်ဖက်ရည်ကို ကောက်ကိုင်လိုက်ပြီး တိတ်တဆိတ်လေးသောက်လိုက်ပြီး "သူက ပန်းစိုက်တာကို သဘောကျတာလား?အဲ့ဒါက ပြောဖို့ခက်တယ်‌ေနာ်”

“ဒါကို သဘောကျတယ်လို့ ယူဆလို့တော့ မရဘူး၊ အလေ့အထလို့ပြောရင် ပိုမှန်အယ်။ သူ့ရဲ့စွမ်းအင်တွေကိုသာ တစ်ခုခုလုပ်ဖို့ အာရုံပြောင်းခွင့်မ‌ေပးခဲ့ရင် ကျောင်းကလူတွေကတော့ ပိုပြီး အပြစ်ရှာတတ်တဲ့ ရှန်ရှူထင်းဆိုတဲ့လူကို တွေ့မြင်နေလိမ့်မှာ”

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now