Chapter 79

1.6K 268 36
                                    

Unicode;

ဝန္ခံခ်က္

သူ့နောက်ကျောက ပျော့ပျောင်းတဲ့ ဆိုဖာပေါ်သို့ နစ်မြုပ်သွားပြီး ကျန့်ချီ သူ့ကို ဖိနှိပ်နေတဲ့ ကျိဟွိုင်စစ် ဟုတ်မဟုတ် မသိသလို ဒါမှမဟုတ် သူ ရှုံးနိမ့်ကြောင့်  ဝန်ခံပြီးရင် သူ့ရဲ့ ခုခံမှုကို စွန့်လွှတ်လိုက်ရမှာလားဆိုတာ သူမသိတော့ဘူး။ နှုတ်ခမ်းပေါ်ရှိ နူးညံ့တဲ့အနမ်းက လျှပ်စစ်ရှော့ခ်တစ်ခုကဲ့သို့ တောက်ပနေပြီး လေပေါ်လွင့်နေသလို ခံစားရတဲ့အခါ ကျန့်ချီ မသိစိတ်ကနေ သူ့တုံ့ပြန်မှုကို ပြသလိုက်သည်။

သူ့အမြင်အာရုံတွေက မှုန်ဝါးဝါးဖြစ်လို့‌ေနသည်။ ကျိဟွိုင်စစ်ရဲ့ ရှည်လျားတဲ့ မျက်တောင်‌ေတွအောက်မှာ ဖုံးအုပ်ထားတဲ့ မျက်လုံးတွေက သူ့ကို စောင့်ကြည့်နေပုံရပြီး ချည်မျှင်‌ေတွက ပူနွေး‌ေနတဲ့လေထဲမှာ အရည်ပျော်သွားသလိုပင်။

"ကျိ..." ကျန့်ချီက ကျိဟွိုင်စစ်ရဲ့  ပခုံးကို ဆုပ်ကိုင်ထားလိုက်ပေမယ့်လည်း တွန်းမဖယ်လိုက်ပေ။ ဒီအချိန်မှာ အခြေအနေက ပုံမှန်နဲ့ တူမ ‌ေနဘူး။ ကျိဟွိုင်စစ်ရဲ့ ချုပ်နှောင်မှုက နူးညံ့သိမ်မွေ့ပြီး သူ့ကို အတင်းအကြပ်မလုပ်ထား‌ေပ။ သူအလိုရှိသရွေ့ ဒီအနမ်းကနေ အချိန်မရွေး နုတ်ထွက်နိုင်ပေမယ့် ကျန့်ချီ သူဒီလို မလုပ်နိုင်ဘူးဖြစ်လို့နေသည်။

ကျိဟွိုင်စစ်က တန်ဖိုးကြီးပြီး အရမ်းမြတ်နိုးရတဲ့ အရာဝတ္ထုကို ကိုင်ထားသကဲ့သို့ သူ့ပါးကို ကိုင်ထားခဲ့သည်။ နှုတ်ခမ်းက ထုံကျင်လာတာမို့ ကျန့်ချီ ‌အနောက်ကို ဆုတ်လိုက်ပြီး မျက်နှာကို လှည့်လိုက်သည်။ ကျိဟွိုင်စစ်ကလည်း သဘာဝအတိုင်း သူ့လက်ကို  လွှတ်လိုက်သည်။ သူ့ရင်ဘတ်ရှိ အနည်းငယ် ရှုပ်ပွနေတဲ့ ကော်လာကြောင့်သာ မဟုတ်ပါက သူက စောစောကပင် ဤကဲ့သို့ ဒေါသတကြီး တိုက်ခိုက်ခဲ့တယ်ဆိုတာကို တွေးမိဖို့ ခဲယဉ်းပေလိမ့်မည်။ သူ့ပါးပြင်က တခဏတာ နီရဲနေတဲ့ အနီကွက်‌ေလးကလွဲလို့ သူ့ရဲ့ချောမောတဲ့ မျက်နှာမှာရှိတဲ့ အလွဲအချော်တွေကို ဘယ်သူမှ မမြင်နိုင်ပေ။ သူက ခေါင်းငုံ့ကာ ပါးစပ်ဖွင့်လိုက်ပြီး နှာသံဖြင့် “တောင်းပန်ပါတယ် ကိုယ် မင်းကို ကိုက် မိသွားတာလား”

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now