Chapter 70

1.2K 242 34
                                    

Unicode;

Photo

ကျန့်ချီ screenပေါ်ရှိ စကားလုံး‌ေတွကို စိုက်ကြည့်ရင်း မျက်ခုံးတွေကို တွန့်လိုက်ရင်း ရက်ပိုင်းအတွင်း စာရွက်စာတမ်းများ ပျောက်ဆုံးသွားကြောင်း သတင်းပို့ဖို့ စီစဉ်လိုက်ကာ ဖုန်းကို ပိတ်လိုက်သည်။

ခက်ခဲကြမ်းတမ်းတဲ့ လုပ်ထုံးလုပ်နည်းတွေကို စောင့်ဆိုင်းတာနှင့်နှိုင်းစာရင် သူ ရှန်ရှူထင်းကိုတော့ ရင်မဆိုင်ချင်ပါဘူး။ လုံးဝအကျွမ်းတဝင်မရှိတဲ့ အားနည်းတဲ့ ရှန်ရှူထင်းကိုမြင်တွေ့ခဲ့ရခြင်းက ဓာတ်လှေကားပျက်ကျခြင်းထက်ကို မမျှော်လင့်ထားသောမတော်တဆမှုတစ်ခုပဲဖြစ်သည်။ အခု ကျိဟွိုင်စစ် ပင်မသိတဲ့အရာကို တစေ့တစောင်း သိလိုက်ရတဲ့ ကျန့်ချီအတွက်တော့ ရှန်ရှူထင်းတစ်ယောက် သူကို နှုတ်ပိတ်လိုက်မှာကိုပဲ စိုးရိမ်နေမိတယ်။

အနည်းငယ်ချဲ့ကားနေပေမယ့် အကျိုးဆက်တွေက သူကို နှုတ်ဆိတ်နေခြင်းထက်‌ေတာ့ ပိုကောင်းလိမ့်မယ်မဟုတ်ဟု သူယုံကြည်တယ်။

ကျိဟွိုင်စစ်က မနေ့ညတုန်း သူဘယ်လို အနားယူခဲ့လဲဆိုတာကို မေးဖို့ နံနက်ခင်းမှာပဲ စာတိုတစ်စောင် ပေးပို့လာခဲ့သည်။ အဆုံးမှာတော့ သူက သူ့ရဲ့ စိုးရိမ်မှုနှင့် တောင်းပန်မှုကို ဖော်ပြဖို့ကိုတော့ မမေ့‌ေလျာ့‌ေပ။ ဒီအတွက်ကြောင့် ကျန့်ချီ အနည်းငယ်တော့ ရှက်ရသွားခဲ့မိသည်။ ဒီမတော်တဆမှုက ကျိဟွိုင်စစ်ရဲ့ အမှားမဟုတ်ပါဘူး။ အခြားတစ်ဖက်မှကြည့်ရင် သူကသာ ခရီးကို လှည့်စားခဲ့သူဖြစ်သည်။

သူ့အသိစိတ်ပြန်ဝင်လာတဲ့အခါ ကျိဟွိုင်စစ်က နောက်စ‌ာ‌ေကြာင်းတစ်ခုကို ပို့လာခဲ့ပါတယ်။ -နောက်တစ်ခါ ဒီလိုမျိုးမဖြစ်‌ေစရဘူးလို့ ကိုယ်ကတိပေးပါတယ်။

ကျန့်ချီ 'နောက်တစ်ခါ' ဆိုတာ ကို စိုက်ကြည့်ပြီး 'OK' ဟု ရိုက်ထည့်လိုက်သည်။

ထိုနေ့ သူ ရဲစခန်းသို့ သွားတဲ့အချိန်မှာ ချွမ်လင်းမှာ ပထမဆုံး နှင်းကျလာသည်။

မနေ့ညက နှင်းတွေကျနေပြီး မနက်မိုးလင်းတော့ ကုလားကာတွေဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သစ်ပင်အကိုင်းအခက်တွေနဲ့ ကတ္တရာလမ်းတွေ‌‌ေပါ်မှာ ထူထပ်တဲ့နှင်းအလွှာတွေနဲ့ ဖုံးလွှမ်းနေပြီး အားလုံးက ဖြူစင်သန့်ရှင်းလို့နေတယ်။ ကျန့်ချီ နှင်းကို နောက်ဆုံးမြင်ဖူးခဲ့သည်မှာ လွန်ခဲ့တဲ့ လေးငါးနှစ်က ဖြစ်သည်။ ကောင်းကင်ပေါ်မှာ ပျံသန်းနေတဲ့ အမွေးအတောင်‌ေတွကဲ့သို့ပဲ ချွမ်လင်းရှိ နှင်းတွေထက် အနည်းငယ်သာ ကြီးပြီး အထူက လက်သည်းခွံလောက် ရှိသည်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now