Chapter 61

1.4K 249 7
                                    

Unicode;



ဒီမိသားစုဟာ ဘယ်တုန်းကမှ ဒီလောက် မတက်ကြွခဲ့ဘူး။ လေထုက ခဏတာတိတ်ဆိတ်နေပေမယ့်လည်း လူအရေအတွက်က အသက်ဝင်မှုအဆင့်ကိုသာ ကိုယ်စားပြုမယ်ဆိုရင်တော့ ပထမစကားကို မှတ်ယူရလိမ့်မယ်။

ကျန့်ချီအတွက်ကတော့ ဒါကမဖော်ပြနိုင်လောက်အောင် ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခုပါပဲ။ ရှောက်ဟန်နဲ့ ဝိန်ချွမ်တို့နှစ်ဦးလုံးက တံခါးထဲကို ဝင်ပြီးကတည်းကကို  စကားစမြည်မပြောကြဘဲနဲ့ တစ်ယောက်ရဲ့တည်ရှိနေမှုကို တစ်ယောက်ကမရှိသလို မှတ်ယူ‌ေနကြတယ်။ ဒီလို တိတ်တဆိတ် နားလည်မှုမျိုးက ကျန့်ချီကို အနည်းငယ် စိတ်သက်သာရာ ရစေတယ်။ ဒါပေမယ့် ဝိန်ချွမ်ရဲ့ အသံကို ကြားလိုက်ရတဲ့အခါမှာတော့ သူ့နှလုံးသားလေးက ပြန်ပြီး တင်းမာသွားပြန်သည်။ .

"စောစောက မင်းဘယ်သွားနေတာလဲ"

ဝိန်ချွမ်ရဲ့ အသံက ပေါ့ပါး‌ေနပြီး သူက 'မင်းတို့' လို့ မပြောခဲ့ဘူး။

ကျန့်ချီ အဲ့ဒါကို မဖုံးကွယ်ထားချင်ပါဘူး ဒါပေမယ့် နံရံ ကျော်တက်တာကို ပြောမယ့်အခါကြတော့ ရပ်လိုက်ပြီး "ငါနဲ့ ရှောက်ဟန် တို့ အနီးနားကို လမ်းလျှောက်သွားခဲ့တာ။ငါတို့ ကျောင်းကိုလည်းဖြတ်ပြီး လျှောက်ခဲ့‌‌ေသးတယ်”

"သူ ဒီကို ဘယ်တုန်းက ရောက်နေတာလဲ"

ဒီစကားကို ရှောက်ဟန်ရဲ့ ရှေ့မှာပဲ မေးခဲ့ပြီး ရှောက်ဟန်ရဲ့ တည်ရှိမှုကို လေအဖြစ်သတ်မှတ်ထားပုံရတယ်။ ကျန့်ချီ ခဏ ‌ေလာက်ရပ်လိုက်ပြီး "ဒီမနက်...."

"ဘာလို့ အသေးစိတ်တွေ အများကြီးလိုက် မေးနေတာလဲ" ရှောက်ဟန်က ဝိန်ချွမ် ကို မျက်စောင်းထိုးပြီး နွေးထွေးတဲ့ အပြုံးလေးနဲ့ "မင်း သူ့ကို အရမ်းဂရုစိုက်နေတာ မဟုတ်ဘူးလား"

"ငါ မင်းကို မမေးတာမဟုတ်ဘူး"

"ငါကလည်း ဖြေဖို့ စိတ်မ၀င်စားပါဘူး"

ရှောက်ဟန်က မေးစေ့ကို မော့ထားပြီး ဆတ်ဆတ်ထိမခံ ဆက်ပြောလာတယ် "ကျောင်းကနေထွက်လာရတော့ မင်းမှာ သွားစရာနေရာလည်းမရှိလောက်ရောပေါ့။ နောက်ဆုံးတော့ ဖူ မိသားစုက မင်းကို ကန်ထုတ်လိုက်တာလား?"

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now