Chapter 65

1.4K 236 7
                                    

Unicode;

Voice message

"မင်း ပိုင်ရှုယွင်နဲ့ တွေ့ခဲ့တာလား"

ရှောက်ဟန်က ကားစတီယာကို ကိုင်ထားပြီး သူ့ရဲ့မေးခွန်းတွင် နက်နဲတဲ့ အဓိပ္ပါယ်ရှိလို့နေသည်။

ကျန့်ချီ ဝိုးတဝါးနဲ့ 'အမ်း' လို့ အသံပြုလိုက်ပြီး ကားထိုင်ခံုပေါ်  ပြန်မှီလိုက်ကာ လမ်းပေါ်ရှိလှုပ်ရှားနေတဲ့မြင်ကွင်းကို ပြတင်းပေါက်မှ လှမ်းကြည့့်လိုက်ပြီး "မင်းတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိနေတာ နှစ်အတော်ကြာ‌ပြီလား?"

"အဲဒါကို မင်း‌ေရတွက်လို့ရတယ်၊ သူနဲ့ကိုယ်ကို ငယ်သူငယ်ချင်းတွေလို့ အမြဲပြော‌မနေနဲ့" ရှောက်ဟန်က အပြုံးတစ်ဝက်နဲ့ နှုတ်ခမ်းကို လှုပ်ရမ်းကာ "သူ့အဖိုးနဲ့ ကိုယ့်အဖိုးက ရဲဘော်ရဲဘက်တွေလေ။ ကိုယ် ငယ်ငယ်တုန်းက အဖိုးနဲ့ အတူနေခဲ့တာ။ကိုယ်ပိုင်ရှုယွင်ကို မကြာခဏ တွေ့ဖူးခဲ့တယ်။ သူ့ခန္ဓာကိုယ်က နေမကောင်းဘူးဆိုတော့ လူကြီးတွေက သူ့ကို စောင့်ရှောက်ဖို့ ပြောခဲ့တာ။ သူတို့က အဲ့ဒါကိုပဲ နေ့တိုင်းပြော‌ေနကြတယ်။ကိုယ်က သူ့ကို ထိခိုက်စေလိုပုံပေါ်တိုင်း သူတို့က အဲ့စကားကိုပဲ အမြဲပြောခဲ့တာ။ပြီး‌ေတာ့ သူက ကိုယ့်‌ေနာက်ကို အမြဲလိုက်နေခဲ့တာ။ သူကအရိပ်လိုမျိုးပဲ ကိုယ် သူ့ကို မဖယ်ရှားနိုင်ခဲ့ဘူး”

ကျန့်ချီ ဒီလိုအကြောင်းပြချက်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ ရှောက်ဟန် က ခဏရပ်ပြီး “သူက ငယ်ငယ်လေးကတည်းက ဒေါသကြီးတယ်။ အခြားလူရှေ့မှာတော့ ကောင်းချင်‌ေယာင် ဆောင်တယ်၊ သူမှားတဲ့အခါကြရင်‌ေတာ့ ငိုယိုပြီး ပြဿနာရှာတတ်လိမ့်ကာ အသိမိတ်ဆွေတွေရှေ့မှာတော့ ကန့်သတ်ချက် မရှိလောက်အောင်ကိုရောင့်တက်နေလိမ့်မယ် ။
အဲဒါကို ကိုယ် မြင်‌နိုင်သလိုပဲ လူကြီးတွေလည်း မြင်ကြတယ် ဒါပေမယ့် ကျန်းမာရေးချို့တဲ့တာကြောင့် အားလုံးက သူ့ကို ခွင့်လွှတ်ထားကြတာ”

".....မင်းပြောတာက?"

“ကိုယ် မျက်စိကန်း‌‌ေနတာမဟုတ်ဘူး” ရှောက်ဟန်က ပေါ့ပေါ့ပါးပါးနဲ့ “ကိုယ် သူ့သရုပ်‌ေဆာင်‌ေနတာကို နေ့တိုင်းကြည့်နေရတာ။ သူ ပင်ပန်းနေသလားလို့‌ေတာင် ကိုယ် တွေးမိတယ်”

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now