Chapter 63

1.4K 229 13
                                    

Unicode;

နှလုံးဖောက်ခြင်း

ပိုင်ရှုယွင်သည် မက္ဆေ့ချ်ကို အကြောင်းမပြန်ဘဲ နာရီဝက်အကြာမှာတော့ သူ့ဆီကို တိုက်ရိုက်ဖုန်းခေါ်လာခဲ့တယ်။

"ဘာလို့ အားဟန်က မင်းနဲ့အတူရှိ‌ေနရတာလဲ"

ယမ်းမှုန့်အပြည့်နဲ့ ပထမစကားကို ပြောပြီးတဲ့နောက် ပိုင်ရှုယွင်က "မင်း သူ့ကို ဘာလုပ်လိုက်တာလဲ?"

ကျန့်ချီ ရယ်ချင်လာတယ်။ ရှောက်ဟန် ကို သူကဘာလုပ်လို့ရနိုင်လို့လဲ?။ သူ့ရဲ့ တည်ငြိမ်တဲ့ လေသံက အခြားတစ်ဖက်ရှိ ပိုင်ရှုယွင်နဲ့ သိသိသာသာကို ဆန့်ကျင်နေတယ်- "မင်းပြောတာ မှန်တယ်၊ ငါ ရှောက်ဟန် ကို ရည်ရွယ်ချက်ရှိရှိ ဆွဲထားခဲ့တာ‌ေလ။ငါသူ့ကို မြင်လိုက်ရုံနဲ့ သူ က ငါ့နောက်ကိုပဲ လိုက်နေတာ။ လတ်လတ်ဆတ်ဆတ် တစ်ခုခုကို မြည်းစမ်းကြည့်ဖို့ မပြောနဲ့ဦး ။ မင်းတောင် ဒီလို လတ်ဆတ်မှုကိုတောင် မရနိုင်ဘူးမလား?အစတုန်းကတော့ နည်းနည်းပင်ပန်းပြီး သူ့ကို ပြတ်ပြတ်သားသား ငြင်းချင်ပေမယ့် မင်းက ငါ့ကို ခဏခဏရန်စနေတော့.... အခုတော့ မကြာခင်မှာပဲ သူ့ကို ငါ မလွှတ်ချင်တော့ဘူး။ ပိုင်ရှုယွင် မင်းလုပ်ခဲ့တာက အမှန်‌ေတွ။ ငါသာ ရှောက်ဟန်ကို ပြောပြလိုက်ရင် သူစုံစမ်းလိမ့်လို့ မင်းထင်လား? ဒါဆို မင်းအမှန်တကယ်ကိုစိတ်ပျက်သွားမှာပဲ ဟုတ်တယ်မလား?

စကားလံုးတိုင်းက ပိုင်ရှုယွင်ကို အပြင်းအထန် ထိုးနှက်မိသွားခဲ့တယ်။ ကျန့်ချီ စကားများများပြောလေ ပိုပိုသွက်လေပါပဲ။ သူက ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသားဇာတ်ပို့ဇာတ်ဆောင်တစ်ဦးဖြစ်ရခြင်းရဲ့ ပျော်ရွှင်မှုကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားခဲ့ရတယ်။အထူးသဖြင့် တစ်ဖက်ရှ ပိုင်ရှုယွင် တစ်ယောက် ဘယ်လို  နာကြည်းမှုမျိုးရှိမယ်လဲဆိုတာကို တွေးကြည့်နိုင်တယ်။ သူအခုချိန် သူ့ကို ရိုက်နှက်ချင်သော် မရနိုင်သည့် ဒေါသဖြစ်နေတဲ့ ပုံပေါက်နေမှာပဲ။

"ကျန့်ချီ!!!"

ပိုင်ရှုယွင်  ပြင်းပြင်းထန်ထန် ကိုက်ဖြတ်ချင်လိုက်သလိုမျိုး သွားတွေကို အံကြိတ်ကာ သူ့နာမည်ကို ခေါ်လာခဲ့တယ်။ ကျန့်ချီကလည်း ဖြည်းညှင်းစွာနဲ့ ဆက်ပြောခဲ့ပါတယ် - “ငါ့တောင်းဆိုချက်က သိပ်‌ေတာ့မများပါဘူး၊ တွေ့ပြီး ဆွေးနွေးကြရအောင်‌ေလ။ ကျောင်းစတက်တာနဲ့ နေ့တိုင်း ဆုံကြမှာမို့ ဒုက္ခမပေးနဲ့တော့။အဲ့ဒါက  ရုပ်ဆိုးလွန်းတယ် မင်းမထင်ဘူးလား?"

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now