Chapter 87

781 149 23
                                    

Unicode;

အခန်း 87 လက်ခံမှု


ည ၈ နာရီခွဲမှာတော့ တောက်ပနဲ့ အလင်းရောင်ရှိတဲ့ဧရာမ အပျော်စီးသင်္ဘောကြီးသည် ပင်လယ်ပြင်တွင် တစ်ခုတည်းတဲ့ မီးမောင်းထိုးပြ‌မှုဖြစ်‌ေနတဲ့အရာဖြစ်လာခဲ့သည်။ တိမ်တွေအောက်မှာ ပုန်းကွယ်နေတဲ့ လကို အပျော်စီးသင်္ဘောပေါ်က ငြိမ့်ညောင်းတဲ့ အကတေးဂီတက စွဲဆောင်သွားသည်။

ကျန့်ချီ သူ့လည်ပင်းနားက အရမ်းတင်းကျပ်‌ေနတဲ့ချည်‌ေနှာင်မှုကို ဖြည်လိုက်သည်။Saintston မှာနေထိုင်တဲ့နှစ်မှာ သူ မသိနားမလည်ဘဲ လှပတဲ့ဖဲပြားကို ချည်နှောင်နိုင်ခဲ့သော်လည်း ယခုအချိန်ထိတိုင် သူရုတ်တရက်ကြီး တင်းကျပ်မှုကိုခံနိုင်စွမ်းမရှိခဲ့ပေ။ ဝတ်စားဆင်ယင်မှုနှင့် ဖိတ်ခေါ်မှု‌ေတွကို မြင်တွေ့ရပြီးနောက်ပိုင်း လည်ပင်းရှိဖဲပြားကို ချိန်ညှိခြင်းဟာ ယခုအကြိမ်နဲ့ဆို သုံးကြိမ်မြောက်ရှိနေပြီဖြစ်သည်။ အဝတ်အစားမှာ ဘာပြဿနာမှမရှိပေမယ့် ကျန့်ချီ ကတော့ သူ့နှလုံးသားထဲက တုန်လှုပ်ချောက်ချားမှုကို မဖယ်ရှားနိုင်ခဲ့ဘူး။

အကကနေကြတာဟာ အချိန်အတော်ကြာသွားပါပြီ။ ဓာတ်လှေကားထဲကနေ သီဆိုကခုန်နေတဲ့ ခန်းမတစ်ဝိုက်ကို လမ်းလျှောက်ထွက်လာတဲ့အခါမှာ‌ေတာ့ ကျန့်ချီ ဖန်ခွက်တွေတိုက်မိတဲ့အသံနဲ့ လွင့်ပျံနေတဲ့ သီချင်းသံကို ကြားလိုက်ရသည်။ ကံကောင်းထောက်မစွာပဲ သူ့ရဲ့ဝတ်စုံက ပါတီကိုလာနေတဲ့လူတွေ ကွဲပြားမှုမရှိပေ။လမ်းမှာ ရင်းနှီးတဲ့ မျက်နှာအနည်းငယ်နဲ့ သူ‌ေတွကိုသူတွေ့ခဲ့ပေမယ့် သူတို့က ကျန့်ချီကို တစ်ချက်လှည့်ကြည့်လာပြီး သူတစ်ယောက်တည်းဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ‌ေတာ့ ကြည့်ဖို့ကောင်းတဲ့ ပြဇာတ်မရှိသလိုမျိုး အဝေးကို အကြည့်လွဲှလိုက်ကြ‌ေတာ့တယ်။ ကျန့်ချီ မသိစိတ်ဖြင့် သူဟာ အများသူငှာရဲ့ထင်မြင်ယူဆချက်ပါဝါက ‌ေန မလွတ်‌ေမြာက်နိုင်သေးဟု ထင်ရသည်။

သက်ဝင်လှုပ်ရှားနေသော ခန်းမနှင့် ဆန့်ကျင်ဘက်ဖြင့် ညဘက်တွင် မောင်းသူမဲ့တြ့ သင်္ဘောကုန်းပတ်က အထူးသဖြင့် အထီးကျန်ဆန်‌ေနသည်။ ကျန့်ချီ ပင်လယ်ပြင်ရဲ့ ဦးတည်ရာကို မျက်နှာမူရင်း သူ့မျက်နှာပေါ် ဟာ ပင်လယ်လေနုအေး ကြောင့် အေးစက်နေသဖြင့် သူဘာလိုများ ဒီနေရာကို ပေါ်လာရသည်ကို မတွေးတောဘဲမနေနိုင်‌ေပ။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now