Chapter 89

1.2K 160 28
                                    

Unicode;

အခန်း 89 ရှုပ်ထွေးမှု

ကျန့်ချီ သူ့ရှေ့က ဖြစ်ပျက်ခဲ့တာတွေက ရယ်စရာ အိပ်မက္ လို့ မပြောကြပါနဲ့။ သူ ဝိန်ချွမ် ကို တွန်းထုတ်လိုက်ပေမယ့် ရုတ်တရက် သူ့လက်တွေ တုန်ခါနေတာကို မရပ်တန့်နိုင်‌ဘဲ သူ့ရင်ဘတ်ထဲက ခုန်နေတဲ့ နှလုံးနဲ့တောင် မယှဉ်နိုင်ခဲ့ပါဘူး။

တိတ်ဆိတ်နေ ငြိမ်သက်နေတဲ့ အဝတ်လဲခန်းအတွင်းမှာ သူ့နှလုံးခုန်သံနဲ့အတူ လေးလံနေပြီး ထပ်တူကျနေတဲ့ အသက်ရှုသံနှစ်ခုသာ ကျန်ရစ်‌ေနသည်။

ိဝိန်ချွမ်ရဲ့ မျက်လုံးတွေက အလွန် ကြောက်မက်ဖွယ်ကောင်းလို့‌ေနသည်။ ကျန့်ချီ သူ့ကို ကြည့်လိုက်တဲ့အခါမှာ မီးကျွမ်းသွားသလိုပင်ခံစားရပြီး  သူ အလျင်အမြန် အဝေးကို လှမ်းကြည့်လိုက်သည်။စိုစွတ်နေတဲ့ နှုတ်ခမ်း‌ေတွကို နှစ်ကြိမ် သုတ်လိုက်ပေမယ့် အသက်ရှူကြပ်သည့် ခံစားချက်က ပိုပိုပြီး ထင်ရှားလာသည်။ ကျန့်ချီ  ငြိမ်သက်နေတဲ့ လေထုကို သည်းမခံနိုင်တော့ဘဲနဲ့ တိတ်ဆိတ်နေတဲ့ ဝိန်ချွမ်ကို  သူကြည့်လိုက်သည်။ သူ့မျက်လုံး‌ေတွက သူ့ကို အရာအားလုံး ပြောပြလို့‌ေနသည်။ကျန့်ချီ အလျင်စလို မထွက်ခွာမီ နောက်ဆုံးအကြိမ်အဖြစ် ဝိန်ချွမ်ကို မော့ကြည့်လိုက်ပြီး သူ့ရဲ့ ဗလာကျင်းနေတဲ့ ဦးနှောက်က သူ့ကို စကားအနည်းငယ်ပြောဖို့ တွန်းအားပေးနေခဲ့တာမို့ သူပြောလိုက်တဲ့အခါမှာ ဝိန်ခွျမ်ရဲ့ အမူအရာမှာ ရုတ်တရက် နက်မှောင်သွားခဲ့သည်။ကျန့်ချီ သူ ဝေးဝေးကို ထွက်သွားပြီးနောက်  သူပြောခဲ့တာကို သတိရလိုက်သည်- 'မင်း ရူး‌ေနပြီ'

ဟုတ်တယ် ဝိန်ချွမ် ရူး‌ေနတာ။ ကျန့်ချီ သူ့ကိုယ်သူ စိတ်ထဲမှာ ထပ်ခါထပ်ခါ ပြောနေသည်။ တစ်ချိန်တည်းမှာပင် ကျိုးကြောင်းဆီလျော်တဲ့ နောက်ထပ်အသံတစ်သံက မမောမပန်းဘဲ ထပ်ခါထပ်ခါ ထပ်ခါထပ်ခါ ပြော‌ေနတာကိုသူသိလိုက်ရသည်- ဝိန်ချွမ် က သူအမြဲပြောချင်သည့်အရာကို ပြောလိုက်တာလေ။

ဤတိုးတက်မှု‌ေတွအားလုံးက သတိပေးခြင်းမရှိဘဲနဲ့ ဖြစ်ပေါ်မလာ‌ေပ။ ဒီလို ထိန်းမနိုင်သိမ်းမရတဲ့ စရိုက်မျိုးဖြင့် ဝိန်ချွမ်က သူ့ကို ဘယ်လိုများ ဖွင့်ပြောလိုက်တာလဲ။ သူ့ကို သူ့မိသားစုဆီ ဘာလို့ခေါ်သွားတာလဲ။ ကျင်းကျင်းက ဝိန်ချွမ်ရဲ့  ပုံမှန်မဟုတ်တဲ့ သဘောထားကို ဘာလို့ မြင်နိုင်ရတာလဲ။ သူတို့က သူငယ်ချင်း‌ေတွဖြစ်တယ် ။ ဒါဟာ ကျန့်ချီ အမြဲယုံကြည်ခဲ့တဲ့ အကြောင်းပြချက်ဖြစ်တယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဝိန်ချွမ်က သူ့မျက်လုံးတွေကို ကြည့်ပြီး 'သူကြိုက်တာမှန်သမျှ ကြိုက်တယ်' လို့ ပြောလိုက်တဲ့အခါ မသိစိတ်က ဒီယုံကြည်ချက်က အကျုံးမဝင်ဘူးဆိုတာပင်။

You've reached the end of published parts.

⏰ Last updated: Feb 28 ⏰

Add this story to your Library to get notified about new parts!

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now