Unicode;
အားသာချက်ကိုစုပ်ကိုင်ခြင်း
အခန်းအလယ်မှာ ကျဉ်းမြောင်းတဲ့ ကုတင်တစ်လုံးရှိသည်။ ရေချိုးခန်းထဲမှ ကျန့်ချီ ထွက်လာတဲ့အခါ မှာတော့ ကုတင်ရဲ့တစ်ဝက်ကို ရှောက်ဟန်က သိမ်းပိုက်ထားေနတယ်။သူက အခုလေးတင်မှရှာတွေ့ထားတဲ့ ကျန့်ချီနဲ့ဆိုဒ်တစ်ခုတည်းတူတဲ့ ညအိပ်ဝတ်စံု ဝတ်ထားပြီး သူ့ကိုစောင့်နေပုံရတယ်။
ကျန့်ချီ အဲ့ဒီမှာရပ်လိုက်ပြီး "ခုတင်တစ်ခုတည်းမှာ လူနှစ်ယောက်အိပ်လို့မရဘူး၊ မင်းဆိုဖာပေါ်ကို ဘာလို့ မသွားတာလဲ မင်း ညှစ်နေတာပဲ မဟုတ်ရင် အဲ့ကို ငါသွားမယ်"
ရှောက်ဟန် က "ကိစ္စမရှိပါဘူး၊ ကိုယ်မှားနေတယ်လို့ခံစားရရင်တောင် အိပ်ပျော်နေနိုင်ပါသေးတယ်ရော"
"ငါကတော့ မမှားချင်ဘူး။ ငါ မင်းကို ကုတင်ပေါ်မှာ အိပ်ခွင့်ပေးမယ်"
"ကိုယ်လည်း စိတ်မရှိပါဘူး" ရှောက်ဟန် က သူ့မျက်ခွံတွေကို မော့လိုက်ပြီး ချက်ခြင်း ပြုံးလာကာ "နောက်ကျနေပြီ၊ မင်းလည်း ဆက်မလှုပ်ချင်တော့ဘူးပဲ၊ လာစမ်းပါ ဒီကိုလာပြီး ဝိန်ချွမ်ရဲ့ အခြေအနေကို ပြောပြလို့"
ကျန့်ချီ သူ့စကားတွေကို နားထောင်ရင်း ကူကယ်ရာမဲ့စွာနဲ့ ပဟေဋ္ဌိဖြစ်သွားတယ်။ သူက ရပ်နေရာကမလှုပ်ဘဲနဲ့ "သူက ဒီအနီးနားမှာ နေနေရုံပဲ။ ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူးဟုတ်ပြီလား"
"ရုံပဲ?"
ရှောက်ဟန်က ဟာသတစ်ခုကို နားထောင်နေပုံရသလိုနဲ့။
"သူက အနီးနားမှာနေရံုနဲ့ မင်းဆီကို နေ့တိုင်းပြေးလာေနတာေပါ့ေလ"
"ဒါက တိုက်ဆိုင်မှုတစ်ခုပဲေလ။ နောက်ပြီး ငါတို့က သူငယ်ချင်းတွေ"
ကျန့်ချီ အကြောင်းတစ်ခုခုကြောင့် အဲ့ဒါကို ရှင်းပြလိုက်ပြီး နောက်တော့ တစ်ခုခုကို သိသွားပြီးနောက် စိတ်ဆိုးစွာဖြင့် ပါးစပ်ကို ပိတ်လိုက်တယ်။ ရှောက်ဟန်က သူ့မျက်လုံးေတွကို မှေးလိုက်ပြီး မှုန်ကုပ်ကုပ်နှင့် 'သူငယ်ချင်း?' ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ ပြောရင်း ရင်းနှီးနေတဲ့ ဖိနှိပ်မှုတစ်ခုက သူ့တစ်ကိုယ်လုံးကို ပျံ့လွင့်သွားတယ်။ သူက ကုတင်ခေါင်းရင်းကို မှီထား ပေါ့ပေါ့ပါးပါး အနေအထားရှိသော်လည်း သူ့စကားလုံးများရဲ့ ရိုင်းစိုင်းမှုကိုတော့ လျစ်လျူမရှုနိုင်ပေ။
YOU ARE READING
အထက်တန်းစားယောင်္ကျားလေးများ ကျောင်း Book II (Myanmar Translation)
RomanceTitle : အထက်တန်းစား ယောင်္ကျားလေးများကျောင်း Author- Zheng Jiu Sha (郑九煞) Status in COO : 155 Chapters+8 extra This isn't my story. Credit to original author and tanslators.