Chapter 76

1K 228 17
                                    

Unicode;

အခန်း 76 ရှုပ်ထွေးမှုများ

"အပြင်မှာဘယ်သူလဲ"

ရှန်ရှူထင်းရဲ့ အမေးက အနောက်ကနေ ထွက်‌ေပါ်လာ‌သည်။ ဖိနှိပ်မှုအရိပ်အမြွက်‌ေတွနှင့် ရောနှော‌ေနကာ ကျန့်ချီ သူ့နှုတ်ခမ်းကို ဖွင့်လိုက်ပြီး ရှန်ရှူထင်းကို ပြန်ဖြေရမည်လား ဒါမှမဟုတ် ဝိန်ချွမ်ကို ဘာလို့ ဒီကို ရောက်လာတာလဲလို့ အရင်မေးလိုက်ရမလားဆိုတာ သူမသိတော့ပေ။

ဝိန်ချွမ်ကတော့ သူ့ကို ရွေးချယ်ဖို့ အချိန်မပေးခဲ့ပေ။ သူက တံခါးကို နောက်ပြန်ဆွဲပိတ်လိုက်ပြီး ကျန့်ချီကို နောက်ပြန်ဆုတ်ခိုင်းကာ ခြေတံရှည်ရှည်နဲ့ ရုံးခန်းထဲသို့ ဝင်ရောက်လာသည်။

အပြင်ကမသိတဲ့ရနံ့ကြောင့် ရှန်ရှူထင်း သူ့ရဲ့မျက်တောင်‌ေတွကို ပင့်တင်လိုက်ကာ မျက်မှောင်ကြုတ်လိုက်ရင်း သူ့ရဲ့ပုံမှန်ငြိမ်သက်မှုကို စွန့်လွှတ်လိုက်သည်။ သားရေကုလားထိုင်ပေါ်ကနေ ဖြည်းညှင်းစွာ မတ်မတ်ထိုင်လိုက်ပြီး "တစ်ခုခုပြဿနာရှိလို့လား"

"တစ်စံုယောက်တစ်‌ယောက်ကို ‌ေခါ်ဖို့ လာခဲ့တာ"

ဝိန်ချွမ်က သူ့လည်ချောင်းကနေ စကားလုံးသုံးလုံးကို ညစ်ထုတ်လာသည်။ နောက်ထပ် စကားတစ်လုံးကို အသံထွက်ဖို့က သူ့အတွက် မလိုအပ်တဲ့ ဖြုန်းတီးမှုတစ်ခုလိုပါပဲ။ စကားပြောပြီးနောက် သူက ရှန်ရှူထင်းရဲ့ တုံ့ပြန်မှုကို  ဂရုမစိုက်‌ေပ။ "ပစ္စည်းတွေ သိမ်းလိုက် ကိုယ် မင်းကို လိုက်ပို့ပေးမယ်"

ကျန့်ချီ မသိစိတ်က ရှန်ရှူထင်းကိုကြည့်ဖို့ သူ့ခေါင်းကို လှည့်ကြည့်လိုက်သည်။ ဒီအတွေးမရှိတဲ့ လုပ်ရပ်ကြောင့် ရှန်ရှူထင်းရဲ့ မျက်လုံးတွေက လျှပ်တစ်ပြက် နက်ရှိုင်းသွားကာ ဝိန်ခွျမ် ပတ်ပတ်လည်ရှိ လေထုဟာလည်း ရုတ်တရက် အေးသွားတာကို သတိမထားမိတဲ့ ကျန့်ချီ က တုံ့ဆိုင်းသွားပြီး " ရပါတယ်……”

“မရဘူး”

ရှန်ရှူထင်းရဲ့ နှုတ်ခမ်းပါးကနေ အနည်းငယ် ကွဲထွက်သွားပြီး ကျန့်ချီရဲ့ မပြီးဆုံးသေးတဲ့ စကား‌ေတွကို အနှောင့်အယှက်ပေးလာသည်။ သူကထပြီး စားပွဲနောက်ကနေ ခြေလှမ်းသုံးလှမ်းအကွာမှာရှိတဲ့ ဝိန်ချွမ်နားကို ရပ်တန့်လိုက်ပြီး "သူ ဒီမှာပဲနေရမယ်"

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now