Chapter 59

1.8K 259 10
                                    

Unicode;

ခုန်ဆင်းခြင်း

"ဘယ်ကို သွားချင်လဲ"

အငြင်းအခုံမဖြစ်ချင်တဲ့ ကျန့်ချီ က ဒီအကြောင်းအရာကို စတင်လိုက်ပြီး ငြိမ်းချမ်းတဲ့လမ်းကို ညွှန်ဖို့ ကြိုးစားခဲ့ပါတယ်။ ဖြစ်နိုင်ရင် သူ ပုန်ကန်တတ်တဲ့ သခင်လေးအား ဒီနေရာမှာ မနေချင်ဘဲ အိမ်ပြန်ဖို့ ဆွဲဆောင်နိုင်လိမ့်မယ်လို့တော့ သူမျှော်လင့်ခဲ့တယ်။ ကျောင်းမှာ လအတော်ကြာ ကျောင်းတက်‌ေကျာင်းဆင်း လုပ်ပြီးနောက်မှာ‌ေတာ့ သူ ရှောက်ဟန် ရဲ့ စရိုက်ကို စေ့စေ့စပ်စပ် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

"ဒီမှာ အပန်းဖြေဖို့ နေရာရှိလား" ရှောက်ဟန်က သူ့ရဲ့ မျက်ခုံး‌ေတွကို ဖြည်းညင်းစွာပင့်လိုက်ပုံက မသိရင် အမှန်ကို ထောက်ပြခိုင်းနေသလို။

ကျန့်ချီ သိပ်ပျော်စရာလည်း မဟုတ်တာ ဒါမှမဟုတ် ငွေကြေးအလွန်အကျွံလည်းမကုန်ကျတဲ့ အရာကို သူ့စိတ်ထဲတွင် ရွေးလိုက်ပြီး ရှာဖွေမိသွားတယ်။"ဒါဆို လမ်းလျှောက်ရအောင်၊ မင်းပင်ပန်းရင် ငါတို့ ပြန်သွားလို့ရတယ်" လို့ အကြံပြုလိုက်တယ်။

ရှောက်ဟန် က ဒေါသတကြီး ရယ်မောလိုက်ပြီး ကျန့်ချီ ရဲ့ နောက်က ကော်လာကို ဆွဲကိုင်လိုက်ကာ " ကိုယ် ဒီကို လျှောက်လာခဲ့ပြီးပြီ‌ေလ ထပ်ပြီး မင်းကကိုယ့်ကို လမ်းလျှောက်ခေါ်သွားဦးမို့လား"

"ဒီကလမ်းက ကျဉ်းတယ်၊ မင်းမောင်းလို့မရဘူး" ကျန့်ချီပုံစံက အလွန်ငဲ့ညှာနေသလို ထင်ရကာ "မင်းကားက အရမ်းကြီး‌ေနတယ်၊ ​နောက်ပြီးလမ်းလျှောက်တာ ကောင်းမွန်တဲ့ လေ့ကျင့်ခန်းလေ"

"ကိုယ့်ခန္ဓာကိုယ်က အရမ်းကောင်းတယ်။ လေ့ကျင့်ခန်း လုပ်ဖို့ မလိုပါဘူး‌ေနာ်" ရှောက်ဟန် က အဓိပ္ပါယ်ရှိရှိနဲ့ နှုတ်ခမ်းတွေကို မြှင့်လိုက်ပြီး "ဒါပေမယ့် မင်းက ‌ေတာ့ ကောင်းကောင်း လေ့ကျင့်ခန်း လုပ်ရမယ်၊ လက်တွေ ခြေထောက်တွေက ပိန်လွန်းတယ်။ မင်းကို ရေထဲကိုသာ ဆွဲချလိုက်ရင် လဲကျသွားလိမ့်မယ်"

ကျန့်ချီ ပုံပျက်နေတဲ့ ကော်လာကို ပြန်ဆွဲထုတ်လိုက်သည်။ ရှောက်ဟန်ကို မကြည့်ဘဲ သူ့လေသံက ပျော့ပျောင်းပြီး ယဉ်ယဉ်ကျေးကျေးနဲ့ "ဟုတ်တယ်၊ မင်းလောက်တော့ အံဩဖို့ မကောင်းဘူး"

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now