Chapter 54

1.5K 256 5
                                    

Unicode;

အိမ်နီးနားချင်း

ကျန့်ချီ နိုးလာကာ သူ့ဘေးနားက နှိုးစက်နာရီကို ကြည့်လိုက်တော့ မနက် ၉း၄၀ ရှိ‌ေနပြီဖြစ်တယ်။

ရေချိုးဖို့ အိပ်ရာကထပြီးနောက်တော့ ကျန့်ချန်းချောင်က အိမ်မှာမရှိတော့ဘဲ သူ့တစ်နေ့တာလုပ်ငန်းကိုစတင်ဖို့ အခြောက်ခံသန့်ရှင်းရေးသမားများထံ စောစောသွားရမည်ဖြစ်သည်။ တစ်လအတွင်းမှာ နှစ်သစ်ရောက် တော့မှာဖြစ်တာမို့ လက်ရှိလုပ်ငန်းတိုင်းတွေဟာ နှစ်ကုန်တွင် အလုပ်များနေကြပါသည်။

အိမ်မှာစာဖတ်‌ေနတာထက် ကျန့်ချီက စတိုးဆိုင်မှာ ကူညီပေးချင်ပေမယ့် ကျန့်ချန်းချောင် က ဒီအဆိုပြုကို ပယ်ချခဲ့ပါတယ်။ ကျန့်ချန်းချောင်ရဲ့သဘောထားက သူကို အိမ်မှာ ကောင်းကောင်း အနားယူရင်ယူ ဒါမှမဟုတ်ရင် သူ့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ကစားခိုင်းတာဘဲဖြစ်တယ်။

သူငယ်ချင်း‌ေတွအများကြီးမရှိတဲ့ ကျန့်ချီ တစ်ယောက် ရှက်ရွံ့စွာသဘောတူလိုက်ပြီး ကျန်းရန် အကြောင်းကို တွေးတောလိုက်သည်။ ဒါပေမယ့် သူ HS ကို တက်လိုက်တာနဲ့ ကျန်းရန် အသစ်တင်လာတဲ့ပို့စ်ရဲ့ တည်နေရာနဲ့ ခရီးသွားဓာတ်ပုံတွေကို သူ မမျှော်လင့်ဘဲ မြင်လိုက်ရတယ်။ သူ့ရဲ့စိတ်ကူးကို ခဏဆိုင်းငံ့လိုက်ပါတော့တယ်။

ကျန့်ချီ သူအခု လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အရည်အသွေးမြင့်တဲ့ ရုပ်ရှင်‌ေတွကို ကြည့်ရင်ကြည့်၊မဟုတ်ရင် မိုဘိုင်းလ်ဖုန်းပေါ်မှာ ဂိမ်းဆော့ရံုပဲရှိပါတယ်။ဒါကလည်း သူ့အမှားမဟုတ်ဘူး။သူ့ဘဝရည်မှန်းချက်က တက္ကသိုလ်တက်ဖို့နဲ့ ဘွဲ့ရဖို့ပြီး ချောချောမွေ့မွေ့နဲ့ အလုပ်ရဖို့ပဲဖြစ်တယ်။ဒါက တစ်ယောက်တည်း ကစားရတဲ့မီနီဂိမ်းတွေထက် ပင် အဆများစွာ ပိုငြီးငွေ့စရာကောင်းပါတယ်။

ထိုကဲ့သို့ ငြီးငွေ့စရာကောင်းတဲ့ ဘဝနဲ့ နှစ်လပြည့်‌ေအာင် နေဖို့ဆိုတာတော့ မဖြစ်နိုင်ပေ။ ကျန့်ချီ ဒီနှစ်ရက်အတွင်း နေ့တိုင်းထမင်းစားပြီးနောက်ပိုင်း အကြိမ်အနည်းငယ်ထွက်ကာ ဤဧရိယာရဲ့မြေမျက်နှာသွင်ပြင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤလေးထပ် ဒါမှမဟုတ် ငါးထပ်လူနေအဆောက်အအုံအပြင် အနီးတစ်ဝိုက်မှာ မုန့်ဆိုင်တွေ၊ စားသောက်ဆိုင်ငယ်တွေ၊ ကုန်စုံပစ္စည်းဆိုင်‌ေတွနဲ့ မိုဘိုင်းလ်ဖုန်းပြင်ဆိုင်‌ေတွ ဝန်းရံထားပါသည်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now