Chapter 48

1.6K 256 7
                                    

Unicode;

ယမ်းမှုန့်

ပြီးခဲ့သည့် အပတ်က အထွေထွေ စာမေးပွဲများ ပြီးဆုံးပြီးနောက်မှာတော့ နှစ်သစ်ကူး ပါတီပွဲဟာသတ်မှတ်ထားတဲ့ရက်အတိုင်း ရောက်ရှိလာပါ‌ေတာ့သည်။

Saintston ရဲ့ တင်းမာမှုပြီး တုန်လှုပ်ချောက်ချားမှုရက်တွေအပြီးမှာတော့ အားလပ်ရက္ တွေ ဝင်လာတော့တာမို့လို့ ကျောင်းသား‌ေတွအား ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ အပန်းဖြေအနားယူခိုင်းပြီး အတန်းထဲမှာ စကားပြောဆိုအိပ်စက်ဖို့ ဆရာက ခွင့်ပြုခဲ့ပါတယ်။ အကပွဲအတွက် နံနက်ပိုင်းမှာ တစ်ကျောင်းလုံး စုဝေးကြသည်။ ကျောင်းခေါင်း ဆောင်‌ေတွနဲ့ ကျောင်းသား သမဂ္ဂကိုယ်စားလှယ်တွေရဲ့ မိန့်ခွန်းများကို နှစ်နာရီကြာ နားထောင်ပြီးရပြီး သီချင်းဆိုခြင်းကဲ့သို့သော ဖျော်ဖြေပွဲများကလည်း ရံဖန်ရံခါ ရောယှက်နေသဖြင့် ပျင်းရိစရာတော့ မကောင်းပေ။ ရှန်းရှုထင်း ထွက်လာတဲ့အခါ ကျန့်ချီ အိပ်ငိုက်နေမည့်အစား သူ့ပတ်ဝန်းကျင်ရှိ လူများရဲ့ ခွန်အားကို သိသိသာသာ ခံစားလိုက်ရသည်။ သူ့ဘေးမှာထိုင်နေတဲ့ ကျန်းရန်က ဝင်‌ေပြာလာပါတယ် "ဒါက တကယ့်မင်းသားလိုပါပဲ"

ကျန့်ချီ စင်မြင့်ပေါ်မှာ ရှန်းရှုထင်းက မိန့်ခွန်းပြောနေသေးသည်ဟု ထင်ကာ ဤခေါင်းစဉ်ကို ရယ်မောကာ မနေနိုင်ဘဲ နှုတ်ခမ်းကို ကွေးလိုက်ကာ "အလွန်သင့်လျော်တယ်"

"ပထမနှစ်မှာ တစ်ယောက်ယောက်က သူ့ကို HS မှာ မင်းသားတစ်ပါးလို့ နာမည်ပြောင်ပေးခဲ့တယ်" ကျန်းရန်က မထိမဲ့မြင်ပုံစံနဲ့ပြောလာတယ် “သူက မင်းသားလို ရုပ်ရှည်ရှိပေမယ့် သူ့ဒေါသကတော့ မင်းသားရဲ့ ရက်စက်တတ်တဲ့ မိထွေးနဲ့ ပိုတူ‌ေနတာ။ ဉက္ကဌကိုယ်တိုင်က ဒီခေါင်းစဉ်ကို မုန်းသင့်တယ်၊ ဘာလို့လဲဆိုတော့ သူ့နောက္မှာ ခေါ်ဖို့ ဘယ်သူမှသတ္တိမရှိကြဘူး”

ကျန့်ချီ အဲ့မျက်နှာမှာ ရွံရှာစက်ဆုပ်တဲ့ အရိပ်အယောင်တွေ ရှိနေတတ်တာကို သူ အကြိမ်ကြိမ် မြင်ဖူးတယ်။

ညမိုးချုပ်တဲ့အခါမှာတော့ ရှည်လျားတဲ့ လင်ကွန်းသည် ကျောင်းတံခါးရှေ့တွင် တစ်ခုပြီးတစ်ခု ရပ်တန့်ကာ ညနေခင်းဝတ်စုံကို ၀တ်ဆင်ထားသော ကြော့ရှင်းသော မိန်းကလေးတစ်စု ထွက်လာခဲ့သည်။ ချိုမြိန်တဲ့ရေမွှေးနံနဲ့အတူ နူးညံ့သိမ်မွေ့တဲ့ ရယ်မောခြင်းတို့က Saintston တစ်ခုလုံးမှာ တဖြည်းဖြည်း ပြည့်လာကာ လူတိုင်းရဲ့ နှလုံးသားထဲက မငြိမ်မသက္ မှုများက ငြိမ့်ညောင်းသော တယောတေးဂီတကို စတင်ခံစားလာကြသည်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Donde viven las historias. Descúbrelo ahora