Chapter 52

1.5K 283 17
                                    

Unicode;

လမ်းညွှန်ခြင်း

ကျန့်ချီ  ခရီးဆောင်အိတ်ကို ကိုင်ဆောင်ကာ မျဉ်းကြားနောက်ဘက်တွင် ရပ်ပြီး ခေါင်းငုံ့ကာ ကျန့်ချန်းချောင် ထံ စာတိုတစ်စောင် ပေးပို့ခဲ့တယ်။ သူ ချွမ်လင်း ကိုပြောင်းပြီး နောက်တစ်နေ့မှာတော့ သူ့ကို Saintston ဆီကို ခေါ်ဆောင်သွားတဲ့အတွက် သူ့အိမ်အသစ်ပေါ် အထင်မြင်ချက် သိပ်မရှိပါဘူး။ ကျန့်ချန်းချောင် ပေးပို့လာတဲ့ လိပ်စာကို အားကိုးကာ မြင်ကွင်းကျယ်မြေပုံကို ရှာ‌ေဖွပြီး လမ်း‌ေတွကို ရေးမှတ်ဖို့ လိုအပ်သည်။

ရှေ့မှ အထူး‌ေကျာင်းသား‌ေတွ တယောက်ပြီးတယောက် ကားထဲသို့ ဝင်လာသော်လည်း ကျန့်ချီ ပိုင်ချီယွီရဲ့ ရုပ်ပုံကို မမြင်ပေ။သူ့ကို ပိုင်မိသားစုက အချိန်မီ ခေါ်သွားတာ ဖြစ်နိုင်တယ်။

“နောက်ကားက မိနစ်နှစ်ဆယ်အတွင်း ဆိုက်ရောက်လာလိမ့်မယ်" driverက တံခါးကိုပိတ်ပြီး အဲဒီမှာ စောင့်နေတဲ့ ကျန်တဲ့ကျောင်းသားတွေကို ပြောလိုက်တယ်။

"နောက်ထပ် မိနစ်နှစ်ဆယ်?" တစ်စုံတစ်ယောက်က အထွန့်တက်လာတယ်။

ကျန့်ချီ ကျန့်‌ချန်းချောင်နဲ့ စကားစမြည်ပြော‌ေနပြီး နောက်ကျမှ အိမ်ပြန်‌ေရာက် ဖြစ်လိမ့်မယ်ဆိုတာကိုပါ ပြောခဲ့သည်။ ကျန့်ချန်းချောင် က မီးဖိုချောင်ပံုကို ဓါတ်ပုံရိုက်ပို့လာပြီး- စိတ်မပူပါနဲ့၊ ငါ ဟင်းတွေကို အရင်ချက်ပြုတ်လိုက် ဦး မယ်။ မနက်က ဈေးထဲကနေ ပုဇွန်တုပ်ဝယ်လာခဲ့တယ်လေ။ မင်းကြိုက် တဲ့ပုဇွန်တုပ်နှပ် လုပ်ထား‌ေပးမယ်။ မင်း ပြန်လာတဲ့အခါကြရင် စားလို့ရ‌ နေလောက်ပြီ

တကယ်တော့ ကျန့်ချီ သူ ပုဇွန်စားရတာကို သိပ်မကြိုက်ဘူး။ သူ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဖျားရှိလို့ ဆေးရုံတက်ရတုန်းက ဘာလို့ ပုဇွန်နှပ်စားချင်တာလဲဆိုတာ မသိခဲ့ပါဘူး။ အဲ့တုန်းက ဆရာဝန်က အဆီတွေ အရမ်းမစားခိုင်းဘူး။ ဆေးရုံက ဆင်းပြီးနောက် ကျန့်‌ချန်းချောင် သူ ချက်ပြုတ်သည့်အခါတိုင်း ဤဟင်းကိုပဲ ချတ်ပြုတ်ဖို့ရွေးချယ်ခဲ့တာဖြစ်တယ်။ ကျန့်ချီ အရမ်းအဆီများတယ်လို့ ခံစားခဲ့ရသော်လည်း ကျန့်ချန်းချောင် အား တစ်ခါမှ မပြောဘဲ 'ကောင်းပြီ' လို့ပဲ ပြန်ဖြေခဲ့တာဖြစ်သည်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now