Chapter 47

1.6K 272 27
                                    

Unicode;

‌ရွေးချယ်မှ

ဒီခံစားချက်က ခဏလေး ပေါ်လာပြီး ပျောက်သွားတယ်။ ကျိဟွိုင်စစ် မှန်ကြည့်ဖို့ ဗီရိုရဲ့တတိယအပေါက် မှ အလှဆင်ထားတဲ့ ငွေရောင်အနားကွပ်မျက်မှန်တစ်ရံကို ထုတ်ယူကာ သူဝတ်ထားကိုကြညည့်လိုက်ပြီး ကျန့်ချီဘက်သို့ လှည့်ကြည့်လာကာ ပြုံးလာပြီး  "မျက္မှန်တပ်ထားရင် ထူးဆန်းနေမှာလား"

တကယ်တော့ ထူးဆန်းသွားမဟုတ်ဘဲ ကျိဟွိုင်စစ်ကို နှေးကွေးသွားစေတဲ့ ဆွဲဆောင်မှုရှိတယ်လို့ ပြောလို့ရပါတယ်။

ကျိဟွိုင်စစ်ရဲ့ အသွင်အပြင်က ဝိန်ချွမ် ကဲ့သို့ သိမ်သိမ်မွေ့မွေ့မဟုတ်သလို ရှောင်ဟန်ကဲ့သို့လည်း ချောမောခြင်းမရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့ နူးညံ့ပြေပြစ်တဲ့ စိတ်နေစိတ်ထားက တစ်စုံတစ်ယောက်ရဲ့ အသွင်အပြင် သက်ရောက်မှုအားလုံးကို ကျော်လွန်သွားပါတယ်။ ပူပြင်းတဲ့ နွေရာသီပဲဖြစ်ဖြစ်၊ အေးခဲ့တဲ့ ဆောင်းရာသီပဲဖြစ်ဖြစ်၊ နွေဦးရာသီ ဒါမှမဟုတ် ဆောင်းဦးရာသီမှာ  ကြည်လင်နေတဲ့ ရေကန်တစ်ခုလိုပါပဲ၊ သူ့ကိုမြင်လိုက်တိုင်း မင်းရဲ့ မျက်နှာပေါ် စိမ့်ဝင်လာတဲ့ နွေဦးလေနုအေးရဲ့ နွေးထွေးမှုကို ခံစားရနိုင်ပါတယ်။

"လုံးဝမထူးဆန်းပါဘူး" ကျန့်ချီ သူ့ခံစားချက်တွေကို ပြန်ထိန်းပြီး အခိုင်အမာပြကာ "အရမ်းကို သင့်တော်တယ်" ဆိုတဲ့ နောက်ထပ်စာကြောင်းတစ်ခုကို ထပ်ထည့်လိုက်ပါတယ်။

"မင်း ဒီနေ့ ကိုယ့်ကို အဆက္မပြတ် ချီးမွမ်းနေတာပဲနော်" ကျိဟွိုင်စစ် ခေါင်းငုံ့ပြီး မျက်မှန်ကို ချွတ်ကာ "မင်းကိုယ့်ကို ပျော်အောင် လုပ်ပေးတာလား ဒါမှမဟုတ် တကယ်ကြည့်ကောင်း‌ေနတာလားတော့ မသိဘူး"

“တကယ်ပါဆို” ကျန့်ချီ က “ဒီဝတ်စုံက ခင်ဗျားနဲ့ အရမ်းလိုက်ဖက်တယ်။ ခင်ဗျားက အဖြူတွေ အများကြီးပဲဝတ်ခဲ့တာလေ။ ဒီလို ခင်းဗျား နက်မှောင်တဲ့အရောင်ကို စမ်းကြည့်တာက တခြားသူ‌ေတွရဲ့ မျက်လုံးတွေကို တောက်ပစေတယ်"

"ဒါဆို မင်းမျက်လုံးတွေ တောက်ပသွားပြီလား"

ကျိဟွိုင်စစ် ပုံမှန်မေးလိုက်တဲ့ မေးခွန်းကို ကျန့်ချီ ကြားလိုက်တဲ့အခါမှာ သူ ခဏတာ ငြိမ်သက်သွားခဲ့တယ်။ ရှက်ရွံ့တာ ဒါမှမဟုတ် အခြားစိတ်ခံစားချက်ကြောင့်လားတော့ မပြောနိုင်ပေ။ ခဏအကြာမှာတော့ "အင်း" လို့ ပြန်ဖြေဖို့သတိရသွားတယ်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now