Chapter 58

1.5K 250 3
                                    

Unicode;

အိမ်ပေါ်က ဆင်းလာခြင်း

ဆံပင်ဆိုးထားတာကို သူ မမြင်ဖူးတာ‌ေတာ့မဟုတ်ဖူး‌ေပ။ ဒါပေမယ့် သူ ရှောက်ဟန်‌ဆိုးတာကိုတော့ မမြင်ဖူးတာပါ။ သူက တကယ်ပဲဒီလိုမျိုး… နာခံမှုရှိနိုင်တယ်လား။

'ဆံပင်အနီ‌ေရာင်ကိုမကြိုက်ဘူး'ဆိုတဲ့ စကားအပါအဝင် သူ တောင်းဆိုသမျှကို ပြောလိုက်တော့ အဲဒီနေ့တုန်းက သူ အရမ်းစိတ်ရှုပ်သွား‌ေသးတာ‌ေလ။အခြားအရာ‌ေတွကလွဲ၍ ရှောက်ဟန်ဟာ အနီရောင်အတွက် အလွန်သင့်လျော်ပါတယ်။အဲ့တာက သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကဲ့သို့ပင် ပုန်ကန်တတ်ပြီး မဆင်မခြင်ပုံစံပေါက်‌ပါတယ်။

ကျန်ချီ အဲဒါကို ခဏလောက် စိုက်ကြည့်ပြီးနောက်မှာတော့ နောက်ဆုံးမှာ သူ့အသံကို ပြန်ရခဲ့တယ်- "မင်းငါ့စကားကို နားထောင်တယ်..."

"ကိုယ် အနီ​ရောင်​ကို မြင်​ရတာ​ ငြီး​ငွေ့​နေတာကြာပြီမို့လို" ရှောက်ဟန် က ကျန့်ချီ ရဲ့မျက်လုံးတွေကို မကြည့်ဘဲ "မင်းနဲ့ဘာမှမဆိုင်ပါဘူး"အသံနက်ကြီးနဲ့ ကြားဖြတ်ပြောလာတယ်။

နဂိုက ရှောက်ဟန် ဤကဲ့သို့ ငြင်းဆိုခဲ့ရင် အနည်းငယ် ယုံနိုင်စရာ ကောင်းနေသေးသည်။

အခုတွင်တော့ ၎င်းက တမင်ရှင်းလင်းချက်တစ်ခုနှင့် ပိုတူ‌ေနတယ်လို့ ထင်ရတယ်။ ဒါပေမယ့် ကျန့်ချီရဲ့ ခန့်မှန်းချက်က အမှန်တကယ်လည်း မှန်နေပါတယ်။

ရှောက်ဟန်ရဲ့ မျက်နှာကို စိုက်ကြည့်ရင်း ကျန့်ချီ ဆံပင် ကိုကြည့်‌ေနတာ ရပ်လိုက်ပြီး အယ်လ်ဘမ်ကိုဆွဲယူကာ အစောက မေးခွန်းထံသို့ဘပြန်သွားလိုက်သည်။- "မင်းဘာလို့ ငါ့အိမ်မှာရှိနေရတာလဲ"

"လာချင်လို့ လာခဲ့တာ" ရှောက်ဟန်က အိပ်ခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရင်း သူ့ရဲ့အနက်ရောင်ဆံပင်တွေက သူ့မျက်နှာကို ပိုမိုနက်ရှိုင်းပြီး သပ်ရပ်အောင် ပြုလုပ်ထားသည်။ သူ့အမူအရာက ပြင်းထန်ပေမယ့် အရင်ကလောက် ဆိုးရွားပြီး ကြောက်စရာကောင်းတယ်လို့ မခံစားပေ။ သူ့လေသံက အနည်းငယ် စက်ဆုပ်နေတဲ့ပုံစံပေါက်ပြီး"မင်းရဲ့အခန်းက လူရော နေလို့ရရဲ့လား? အရမ်းသေးတာဘဲ။ ဘာလို့ အနံက နံစော်နေရတာလဲ”

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now